မော်လိုက်ကလေး အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပွား

မော်လိုက်ကလေး အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပွား

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် မေလ ၇ ရက်နေ့က မြန်မာနိုင်ငံတဝှမ်း အကျဉ်းသား ခြောက်ထောင်ကျော် လွတ်မြောက်သည့်အထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မော်လိုက်ကလေးအကျဉ်းထောင်မှ တစ်ယောက်မှ လွတ်မြောက်မှုမရှိသည့်အတွက် အကျဉ်းသားများသည် မေလ (၈)ရက်နေ့မနက်ပိုင်းက ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့သည်ဟု

အထက်ချင်းတွင်းလူငယ်ကွန်ယက်ဥက္ကဌ ကိုကျော်သက်ဝင်းကပြောသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စပေါ့ မမျှတတဲ့ကိစ္စဖြစ်တယ် သူတို့လည်း ပုဒ်မခြင်းအတူတူ သူတို့မလွတ်ဘူး ဒီအချက်တွေပါတယ် နောက်တစ်ချက်ကတော့ မီဒီယာများနဲ့ ချက်ခြင်းတွေ့ဆုံပေးရေး၊ အစိုးရနဲ့တွေ့ဆုံပေးရေး၊ လူအခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံပေးရေးအချက်တွေပါတယ်” ဟု ကိုကျော်သက်ဝင်းကပြောသည်။

မော်လိုက်ကလေးအကျဉ်းထောင်တွင်အကျဉ်းကျခံနေကြသည့်အကျဉ်းသားများက လွတ်ငြိမ်းချမ်းသာခွင့်တန်းတူရရှိရေး၊ မီဒီယာများနှင့်ချက်ချင်းတွေ့ဆုံပေးရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံပေး၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပေးရေးဆိုသည့် စာသားများကိုင်ဆောင်ကာ အော်ဟစ်တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါထောင်တွင်းဆူပူမှုကြောင့် အမှတ် (၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချူပ်ကျော်ထွန်း၊ ခရိုင်အုပ်ချူပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး စသည့် တာဝန်ရှိသူများသည် အကျဉ်းသားများနှင့်သွားရောက်တွေ့ဆုံညှိနှိုင်းကာ နိုင်ငံတော်အဆင့်သို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မော်လိုက်ကလေးအကျဉ်းထောင်တွင် အကျဉ်းကျခံနေသူများနှင့် အချုပ်သား (၂၀၃၁) ဦးရှိသည်ဟုသိရသည်။

ဓာတ်ပုံ – ကျော်သက်ဝင်း

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...