ဒေသဖွံ့ဖြိုးရေးကြည့်ရှုစစ်ဆေးရန် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်လာမည်

ဒေသဖွံ့ဖြိုးရေးကြည့်ရှုစစ်ဆေးရန် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်လာမည်

ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ ကြည့်ရှုစစ်ဆေးရန်အတွက် နိုင်ငံတော် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယခုပတ်အတွင်း ချင်းပြည်နယ်သို့လာရောက်မည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးလာကြည့်မယ် နောက်ကျွန်တော်တို့ ပြည်ထောင်စုအစိုးရဘက်ဂျက်နဲ့ ပြည်နယ်အစိုးရ ဘက်ဂျက်တွေနဲ့ လုပ်ထားတဲ့စီမံကိန်းတွေကို ကြည့်မှာပေါ့ အဲဒါပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်တွေကို ဖြည့်စီးပေးမှာပေါ့” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

(၅) ရက်ကြာမြင့်မည့် ဒုသမ္မတ၏ ယခုခရီးစဉ်တွင် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ ထန်တလန်စသည့် မြို့ (၅) မြို့သို့ သွားရောက်မည်ဖြစ်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း အကောင်ထည်ဖော်ဆောင်မှုများကို အဓိကကြည့်ရှုမည်ဖြစ်သည်။

ယခုခရီးစဉ်တွင် ဦးဟင်နရီဗန်ထီးယူသည် မတူပီမြို့သို့လည်းရောက်ရှိလာမည်ဖြစ်သည့်အတွက် မပြီးပြတ်နိုင်သေးသည့် မတူပီခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကိစ္စကို တင်ပြသွားမည်ဟု ခရိုင်ရုံးကိစ္စဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်သူ ဦးသိန်းမြင့်ကပြောသည်။

“ကျွန်တော်တို့တင်ပြဖို့ကတော့ မြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုကပေါ့နော် ဌာနဆိုင်ရာတွေရယ် နောက်လွှတ်တော်အမျိုး သားလွှတ်တော် ပြည်သူ့လွှတ်တော် နောက်စည်ပင်ကော်မတီရယ် မြို့မိမြို့ဖကော်မတီရယ် နောက်ရာအိမ်မှူး ဆယ်အိမ်မှူးရယ် ပြီးတော့ လူမှုအဖွဲ့အစည်းတွေက စည်းဝေးထိုင်ပြီးတော့မှ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း အဲဒီဆုံးဖြတ်ချက်မှာ စည်ပင်နယ်မြေအတွင်းမှာ ခရိုင်ရုံးတည်ဆောက်ဖို့ မဆံ့လို့ရှိရင်တော့ ဘယ်နေရာပဲဖြစ်ဖြစ် ဖနိုင်ပဲဖြစ်ဖြစ် အဲဒါဆောက်ဖို့ ကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်ထွက်လာပြီးတော့ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း တင်ပြမယ်လို့ရည်ရွယ်ထားပါတယ်” ဟု ဦးသိန်းမြင့်ကပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် မတူပီခရိုင်ရုံးကို မြို့တွင်းစည်ပင်ဧရိယာအတွင်းမဟုတ်ဘဲ မြို့နှင့် ၉ မိုင်ခန့်ဝေးသော ဖနိုင်-ငလိုင်ဘက်တွင် တည်ဆောက်ရန် စီစဉ်နေသည့်အတွက် မတူပီမြိုလူထု ၃၀၀၀ ကျော်က ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူသည် မင်းတပ်မြို့တွင် ဧပြီလ ၂၅ မှ ၂၉ ရက်နေ့အထိကျင်းပမည့် (၂၁) ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်တွင် တက်ရောက်အမှာစကားပြောကြားပေးရန်လည်း ချင်းကျောင်းသားများက ဖိတ်ကြားထားသည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...