သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေးမြို့အကျဉ်းထောင်မှ (၂၂၄) ဦးလွတ်မြောက်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေးမြို့အကျဉ်းထောင်မှ (၂၂၄) ဦးလွတ်မြောက်

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ နှစ်ဆန်းတစ်ရက်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အင်တိုင်းလေး အကျဉ်းထောင်မှ အကျဉ်းသား (၂၂၄) ဦး လွတ်မြောက်လာပြီး ယင်းတို့အထဲတွင် မူးယစ်ဥပဒေဖြင့်ထောင်ကျသည့် အကျဉ်းသား အများဆုံးပါဝင်သည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်တိုင်းလေးအကျဉ်းထောင်မှ ကျား (၁၇၉) ဦး မ (၄၅) ဦး စုစုပေါင်း (၂၂၄) လွတ်မြောက်လာပြီး ၎င်းတို့အနက် မူးယစ်အက်ဖြင့် (၁၉၆) ဦး၊ တပ်မတော်အက်ဖြင့် (၁၈) ဦး၊ အသက် (၇၅) နှစ်အထက်မှ (၈၀) နှစ်အထိ ကျား (၄) ဦး၊ ကျန်းမာရေးချို့တဲ့သူ မ (၁) ဦး၊ ပြည်ပနိုင်ငံခြားသား ကျား (၁) ဦး၊ ရဲစည်းကမ်းဖြင့် ကျား (၄) ဦးတို့လွတ်မြောက်ခဲ့ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများ နေရပ်ပြန်နိုင်ရေးအတွက် ယာဉ်လိုင်းများ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ပေးနေကြောင်းလည်းသိရသည်။

ယင်းလွတ်မြောက်လာသူများတွင် ရွှေဘို၊ ကသာနှင့် မုံရွာများမှပါဝင်ပြီး ကသာပြန်မည့်သူများတွင် (၁၁၇) ဦးပါဝင်ကာ နယ်ဝေးများကိုနေရပ်ပြန်နိုင်အောင် (၁၂) ဘီးကားဖြင့် ပြန်ပို့ပေးမည်ဖြစ်ကြောင်း မြို့မိမြို့ဖများအကူအညီဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ (၁၇) ရက်နေ့က တစ်နိုင်ငံ လုံးအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၉၅၀၀) ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ (Photo – Kalay IPRD)

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...