သင်္ကြန်ကာလအတွင်း ရိရေကန်သို့ လာရောက်လည်ပတ်သူ ယခင်နှစ်ထက်များပြား

သင်္ကြန်ကာလအတွင်း ရိရေကန်သို့ လာရောက်လည်ပတ်သူ ယခင်နှစ်ထက်များပြား

ချင်းပြည်နယ်၏ အထင်ကရနေရာဒေသတစ်ခုဖြစ်သည့် အသည်းနှလုံးပုံ ရိရေကန်သို့ သင်္ကြန်ကာလအတွင်း အပန်းဖြေခရီးဖြင့် ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်သူ ယခင်နှစ်ထက်များပြားကြောင်း သိရသည်။

ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးသည် ယခင်နှစ်များထက် ကောင်းမွန်လာသောကြောင့် ယခုလို ရိရေကန်သို့ လာရောက် လည်ပတ်သူ ဧည့်သည်များပြားနေရခြင်းဖြစ်နိုင်ကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတာဝန်ခံ လာလ်ပက်လောမ်က ပြောသည်။

“ဒီနှစ်ပိုများတယ်။ အဓိကတော့ လမ်းကောင်းလာတယ်၊ ခရီးထွက်တာ အဆင်ပြေတယ်။ ဧည့်သည်အများစုက ညအိပ်လာကြတာဖြစ်တယ်” လို့ ပြောသည်။

ယခုနှစ် သြင်္ကန်ကာလအတွင်း ရိရေကန်သို့ လာရောက်လည်ပတ်သူအများစုမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်ရှိ အခြားမြို့နယ်များနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မီဇိုရမ်ပြည်နယ်များမှ ရောက်ရှိလာသူများပြားကြောင်း သိရသည်။

ရိရေကန်သို့ လာရောက်လည်ပတ်သူများသည် မိသားစု၊ အဖွဲ့အစည်း၊ ပညာရေးကောလိပ်/ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အစုအဖွဲ့များ စသည်ဖြင့် အပန်းဖြေခရီးဖြင့် သော်လည်းကောင်း၊ လေ့လာရေးခရီးဖြင့်သော်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲဖြင့် သော်လည်းကောင်း လာရောက်လည်ပတ်သူများပြားကြောင်း ထပ်မှန် သိရသည်။

ချင်းပြည်နယ်၏ အမှတ်သင်္ကတနှင့် အထင်ကရနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်နှင့်အမျှ လာရောက်လည်ပတ်အပန်းဖြေသူများပြားလာ သည့် ရိရေကန်၌ ပြည်သူများ အပန်းဖြေအနားယူခြင်းအဆင်ပြေစေရေးအတွက် ရေကန်ဘေးရှိ အရိပ်ရသစ်ပင်ကြီးများအောက်၌ ထိုင်ခုံတန်းများကို ၂၀၁၉ ခုနှစ် သြင်္ကန်ကာလအမှီအသုံးပြုနိုင်ရေးအတွက် ရိခေါ်ဒါရ်မြို့ ရပ်ကွက်လူငယ်များမှ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က တာဝန်ယူပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...