သြစတီးလျားသံရုံးက အိန္ဒိယရောက်ချင်းဒုက္ခသည်တွေ အင်တာဗျူးပြန်ခေါ်

သြစတီးလျားသံရုံးက အိန္ဒိယရောက်ချင်းဒုက္ခသည်တွေ အင်တာဗျူးပြန်ခေါ်

ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း Australian Embassy က အင်တာဗျူးပြန်ခေါ်ပြီး ဖြေဆိုသူ အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခ သည် မိသားစု ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းက ချင်းဒုက္ခသည်များအား နိုင်ငံတကာအကာအကွယ်ပေးမှု ရပ်ဆိုင်းလိုက်ကြောင်း ဆုံးဖြတ်ချက် ကျလာသည့်နောက်ပိုင်း အိန္ဒိယရောက်ချင်းဒုက္ခသည်များကို Australian Embassy မှ လုံးဝအင်တာဗျူးမခေါ်တော့ကြောင်း သို့သော် UN က ဒုက္ခသည်များကို ဆက်ပြီးစောင့်ရှောက်မည်ဆိုသည့် စာတမ်းထွက်လာပြီးနောက် နှစ်ပတ်အကြာတွင် ယခုလို အင်တာဗျူးဆက်ခေါ်နေခြင်းဖြစ်ကြောင်း နယူးဒေလီအခြေစိုက် Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။

“ချင်းဒုက္ခသည်များကို UNHCR က စောင့်ရှောက်မှုမပေးတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကျလာတဲ့နောက်ပိုင်း အိန္ဒိယရောက် ချင်းဒုက္ခသည်များကို Australian Embassy ဘက်က လုံးဝအင်တာဗျူးမခေါ်တော့ဘူး။ ဒါပေမယ့် UN က ဒုက္ခသည်များကို ဆက်ပြီး စောင့်ရှောက်မယ်ဆိုတဲ့စာတမ်းထုတ်ပြီးတဲ့ နှစ်ပတ်လောက်မှာ အင်တာဗျူးဆက်ခေါ်နေတယ်။ Private sponsor အဖြစ် အင်တာဗျူးခေါ်တဲ့သူ တော်တော်များနေပြီ။ အင်တာဗျူးခေါ်တဲ့သူ မိသားစု ၃၀ လောက်ရှိပြီး၊ လူဦးရေနဲ့ဆိုရင် ၁၀၀ ကျော် လောက် ရှိတယ်။” ဟု ပြောသည်။

ယခုလို အင်တာဗျူးဖြေဆိုပြီးသူများအနေဖြင့် အိန္ဒိယ လ.ဝ.က ထောက်ခံချက် Police Clearance Certificate (PCC) နှင့် medical checkup လုပ်ဆောင်ရပြီး အောင်မြင်သော သူများကို သုံးလအတွင်း visa ထုတ်ပေးလေ့ရှိကြောင်း Salai Cung Dawt က ခုလို ဆက်ပြောသည်။

“အင်တာဗျူးဖြေဆိုပြီးတဲ့သူက ၉၉ ရာခိုင်နှုန်း သွားလို့ရပြီဆိုတဲ့သဘောဖြစ်တယ်။ ဒေလီမှာတော့ အင်တာဗျူးလုပ်ပြီးမှ reject ခံရတဲ့သူ မရှိသေးဘူး။ အင်တာဗျူးလုပ်ပြီးရင် ကျန်းမာရေးအခြေအနေစစ်ဆေးတဲ့ (medical checkup) လုပ်ရတယ်၊ အဲဒီ နောက်ပိုင်း အိန္ဒိယ လ.ဝ.က ထောက်ခံချက် Police Clearance Certificate (PCC) ကို ယူရတယ်။ အဲဒီ PCC နှင့် medical checkup ကို Embassy မှာ ပြန်စစ်ဆေးတယ်။ အဲဒီနောက်ပိုင်းမှပဲ visa ကို သုံးလအတွင်းထုတ်ပေးတယ်။ ဒီ PCC နှင့် medical အောင်ပြီဆိုရင် သွားဖို့အလားအလာရှိပြီ၊ လုံးဝသေချာသလောက်ရှိပြီ။” ဟု ဆက်ပြောသည်။

ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များကို UN ကဒ် အသစ်ထုတ်ပြီးသူ ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Photo- Internet)

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...