(၂၁) ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားများပွဲတော် မင်းတပ်တွင်ကျင်းပမည်

(၂၁) ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားများပွဲတော် မင်းတပ်တွင်ကျင်းပမည်

ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားများ (CUSF) ပွဲတော်ကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဧပြီလ ၂၅ မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟုသိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက်နေကြသော ချင်းကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ချင်းတက္ကသိုလ်ကျောင်းသားများပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်ဟု မင်းတပ်တက္ကသိုလ်ကျောင်းသားအဖွဲ့ ဥက္ကဌ ဆလိုင်းထန်းနိုင်းကပြောသည်။

“ချင်းကျောင်းသူကျောင်းသားတွေ ရင်းနှီးဖို့ရယ် စည်းစည်းလုံးလုံးဖြစ်ဖို့ရယ် ကျွန်တော်တို့ ချင်းလူမျိုးတွေကျတော့ ဒီလမ်းပန်းဆက်သွယ်ရေးကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးတွေကြောင့် မျိုးနွယ်တွေအရမ်းများတဲ့အခါကျတော့ မျိုးနွယ်စုအစွဲ ဒေသအစွဲအရမ်းများတဲ့အခါကျတော့ အဲဒါတွေအဓိကမထားပဲ ချင်းအမျိုးသားလုံးစည်းလုံးညီညွတ်ရေး ချင်းအမျိုးတွေစည်းရုံးဖို့ အဓိကဦးတည်ပြီးတော့ ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ စည်းလုံးမှုကနေ ကျွန်တော်တို့စတင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့စည်းလုံးမှုရှိမှပဲ ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ဒေသရဲ့ အနာဂတ်အတွက် တိုးတက်ဖွံ့ဖြိုးမှုတစ်ခုကို ကျွန်တော်တို့ဖန်တီးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထွက်လာခဲ့ကြတာ အခုလည်း အဲဒီအတိုင်းပါပဲ ကျွန်တော်တို့သွားတာ” ဟု ဆလိုင်းထန်းနိုင်းကပြောသည်။

အဆိုပါပွဲတော်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မီဇိုးကျောင်းသားအသင်း (Mizo Zirlai Pawl) လည်းပါဝင်တက်ရောက်ရန် ဖိတ်ကြားထားကြပြီး လူဦးရေ ၅၀၀ မှ ၈၀၀ ကြားတက်ရောက်ရန် ခန့်မှန်းထားကြောင်း ရိုးရာအကများ၊ ဖျော်ဖြေရေးများ၊ အားကစားပြိုင်ပွဲများလည်းပါဝင်မည်ဟုသိရသည်။

ထို့အပြင် ကျောင်းသားလူငယ်နှင့်သက်ဆိုင်သည့်ကဏ္ဍအပါအဝင်၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သော ချင်းပညာရှင်များကို ဖိတ်ခေါ်ကာ ဆွေးနွေးဟောပြောမှုများလည်းပြုလုပ်ကြမည်ဟုသိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများပါဝင်မည့် (CUSF) ပွဲတော်ကို ၂၀၁၆ ခုနှစ်မှစ၍ ပွဲတော်အနေဖြင့် စတင်ပြီး ချင်းပြည်နယ် မြို့နယ်အလိုက် အလှည့်ကျဖြင့် နှစ်စဉ်ကျင်းပလာခဲ့ကြသည်။ ယခုနှစ်တွင် မင်းတပ်တက္ကသိုလ်ကျောင်းသားအဖွဲ့က အိမ်ရှင်အဖြစ်လက်ခံကျင်းပကြမည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...