မတူပီ-ပလက်၀ ကားလမ်းပေါ်ခင်းထားသည့် ကျောက်များအရည်အသွေးမပြည့်သောကြောင့် ပြန်ဖယ်ရှားခိုင်း

မတူပီ-ပလက်၀ ကားလမ်းပေါ်ခင်းထားသည့် ကျောက်များအရည်အသွေးမပြည့်သောကြောင့် ပြန်ဖယ်ရှားခိုင်း

ချင်းပြည်နယ် တောင်ပိုင်း မတူပီ နှင့် ပလက်၀ မြို့နယ်ဆက်သွယ်သည့် ကားလမ်းမကြီးပေါ် ကတ္တရာခင်းရာ တွင်အသုံးပြုထားသည့် ကျောက်များသည် အရည်အသွေးပြည့်မှီခြင်းမရှိသည့်အတွက် ဖယ်ရှားခိုင်းပြီး အသစ်ပြန်လုပ်ခိုင်းထားသည်ဟု မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။

“ ခင်းထားတဲ့ကျောက်တွေက လုံးဝအကောင်းဘူး ဒီတိုင်းဆိုရင်တစ်နှစ်လုပ်ပြီးတော့ နောက်တစ်နှစ်ပြန်ဖျက်ရ မယ့်သဘောရှိတယ် ဒါကြောင့်မို့အမြန်ဆုံးဖယ်ရှားပေးပါဆိုပြီးတော့ မနေ့ကရော ဒီနေ့ကရောဖယ်ရှားကြတယ် အကုန်လုံ း ဟိုးချောက်ထဲထိဖယ်ထုတ်ထားတယ် ပြန်သယ်လို့မရအောင်ပေါ့” ဟု ဦးအောင်လျန်ကပြောသည်။

အဆိုပါကားလမ်းသည် ဟားခါး-မတူပီ-ပလက်၀ တို့ကိုဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်ပြီး ကတ္တရာခင်းသည့်လုပ်ငန်း ကို ဆောက်လုပ်ရေးဝန်ကြီး လမ်းဦးစီးဌာန လမ်းအထူး(၁၂) မှတာဝန်လုပ်ကိုင်နေခြင်းဖြစ်သည်။

အရည်အသွေးမပြည့်သော ကျောက်များအသုံးပြုပြီး ကတ္တရာခင်းထားသည့် နေရာသည် မတူပီမြို့မှ ပလက်ဝမြို့နယ်အ ကြား မိုင်တိုင် (၆) နှင့် (၇) နေရာဖြစ်ပြီး ကျောက်ပွများကို (၃) ဖာလုံအရှည်ခန့် ခင်းထားကြသည်ဟု ဦးအောင်လျ န်က ပြောသည်။

“ကျောက်က ကျောက်ပွတွေပေါ့နော် အဝါရောင်ကျောက်ပွတွေ ကျောက်မာတွေမပါဘူး အပျော့ကျောက်တွေ သူတို့ကဒီတိုင်းခင်းထားတယ် အောက်ခြေမှာ ကျောက်မာခင်းမယ့်နေရာမှာကို သူတို့ ရောပြီးတော့ ကျောက်မာတချို့ဟာလည်းပါပါတယ် ရောပြီးတော့ပါတာပေ့ါနော် ဒါပေမယ့် ၅၀ ၊ ၅၀ မျိုးဖြစ်နေတော့ ဒါကိုလုံးဝမကောင်းဘူး ဥပမာ ၈၀ ရာခိုင်နှုန်းလောက် အကောင်းဖြစ်ပြီးတော့ နည်းနည်းပါးပါးပါရင်တော့ လက်ခံလို့ရတယ် အခုက ၅၀% ၊ ၅၀% လောက်ဖြစ်နေတော့ ကျွန်တော်တို့ကလုံးဝမသင့်တော်ဘူး အခုကအကုန်လုံးဖယ်ရှားလိုက်ပြီ တာဝန်ယူလုပ်ကိုင်တဲ့သူတွေကလည်း ကျောက်အရည်အသွေးရှိတဲ့ဟာပဲ ကျွန်တော်တို့ခင်းပါမယ်ဆိုပြီးတော့ အားလုံး သဘောတူလက်မှတ်ထိုးထားကြပါတယ်” ဟု ဦးအောင်လျန်ကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...