မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မတူပီမြို့နယ်တွင် ဘာသာရေးအဆောက်အအုံ အပါအဝင်လူနေအိမ် ၇၀ ခန့် ပျက်စီး

မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မတူပီမြို့နယ်တွင် ဘာသာရေးအဆောက်အအုံ အပါအဝင်လူနေအိမ် ၇၀ ခန့် ပျက်စီး

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ယမန်နေ့ည (၁၁ )နာရီဝန်းကျင်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကနဦးသတင်းရရှိချက်အရ ဘာသာရေးအဆောက်အအုံများအပါအဝင် လူနေအိမ် (၇၀) ခန့် ပျက်စီးသွားသည်ဟု သိရသည်။

မတ်လ (၃၁) ရက်ည (၁၁) နာရီအခန့်တွင် တိုက်ခတ်သည့် အဆိုပါလေပြင်းကြောင့် မတူပီမြို့ပေါ်ရှိ စန်ဘောင်ရပ်ကွက်တွင် နေအိမ် ၅ လုံး၊ ခိုဘွေရပ်ကွက်တွင် လူနေအိမ်၂ လုံး ၊ လောင်ဗန်းရပ်ကွက်တွင် လူနေအိမ် ၁၃ လုံး၊ ငလား ရပ်ကွက်တွင် လူနေ အိမ် ၂ လုံး အမိုးလန်ပျက်စီးပြီး ဘုရားကျောင်းတစ်ကျောင်း ပြိုကျပျက်စီးသွားသည်ဟု ငလားရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစလောင်းကပြောသည်။

“ အား……လေတိုက်တာ အရမ်းပြင်းထန်တယ် ကျနော်တခါမှမကြုံဖူးဘူး၊ နာဂစ်မုန်တိုင်းများတိုက်ခတ်ပြီးလား ထင်ရတယ်၊ တချိူ့ဆိုရင် ကြောက်ပြီးငိုယိုကြတယ်၊ ကြက်ခြံ ဝက်ခြံတွေလည်း အကုန်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တွေလည်းအကုန်ထွက်ပြေးကုန်တယ်လေ အခုလိုက်ရှာနေကြတာ လူအသေပျောက်တော့ မရှိဘူး” ဟု ဦးစလောင်းကပြောသည်။

ထို့အပြင် မတူပီမြို့နယ် ဖနိုင်ကျေးရွာတွင် လူနေအိမ်(၄)လုံး၊ စာသင်ကျောင်းဆောင်(၂)ဆောင်နှင့် ကျေးလက်ဆေးပေးခန်းတို့ အမိုးလန်ပျက်စီးသွားကြောင်း၊ ငလိုင်ကျေးရွာတွင် လူနေအိမ်(၈)လုံးနှင့်ဘုရားကျောင်း(၂)ကျောင်း၊ ပါမိုင်းကျေးရွာတွင် လူနေအိမ်(၁၂)လုံးနှင့်ဝန်ထမ်းအိမ်ရာ (၂)လုံး၊ ဘလေးကျေးရွာတွင် လူနေအိမ်(၁)လုံး၊ လုံငိုးကျေးရွာတွင် လူနေအိမ်(၈)လုံးနှင့်ခြန်းပြန်းကျေးရွာတွင် လူနေအိမ် (၆)လုံးတို့ အမိုးလန်ပျက်စီးသွားကြောင်း သိရသည်ဟု သိရသည်။

ယမန်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ကျီခါးမြို့နယ် ဟိုင်ကျင်းကျေးရွာတွင် လူနေအိမ် (၁၇) လုံး ဘုရားကျောင်း (၃) ကျောင်း၊ တွန်းဇံမြို့ တွီးတူမ်းကျေးရွာတွင် လူနေအိမ်တစ်လုံး ပျက်စီးသည်ဟု စုံစမ်းသိရှိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...