ရေတိုက်စားမှုကြောင့် “ရိ” ရေကန် ပြုပြင်ထိန်းသိမ်းရန် ကိုယ်ထူကိုယ်ထဖြင့်ဆောင်ရွက်

ရေတိုက်စားမှုကြောင့် “ရိ” ရေကန် ပြုပြင်ထိန်းသိမ်းရန် ကိုယ်ထူကိုယ်ထဖြင့်ဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အနီးတွင်တည်ရှိသော အသည်းနှလုံးပုံသဏ္ဍာန်ရှိ “ရိ” ရေကန်သည် နှစ်စဉ်ရေတိုက်စားမှုကြောင့် ပုံစံယိုယွင်းပျက်စီးလာနေသည့်အတွက် ဒေသခံလူငယ်များက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ကိုယ်ထူကိုယ်ထဖြင့် ဆောင်ရွက်နေကြသည်။

ချင်းပြည်နယ်၏ အမှတ်သားသင်္ကေတတစ်ခုဖြစ်သည့် နာမည်ကျော် “ရိ” ရေကန်သည် ရေတိုက်စားမှုကြောင့် ကမ်းစပ်ပုံသဏ္ဍာန်များ ပျက်စီးလာသည့်အပြင် ရေကန်နဘေးရှိသစ်ပင်များလည်းပြိုလဲမှုများဖြစ်ပွားနေသည့် အတွက် မတ်လ (၂၈) ရက်နေ့က ပြုပြင်ထိန်းသိမ်းရေးကို စတင်ဆောင်ရွက်ခဲ့ကြသည်ဟု ရိလူငယ်အဖွဲ့မှ ဦးလားလ်မှိန်းမွန်နာ ကပြောသည်။

“ကျွန်တော်တို့က ကိုယ့်ဒေသဆိုတော့ ကိုယ့်ဒေသကိုချစ်တယ် အဲဒီရေကန်ကမ်းစပ်နားက နှစ်တိုင်းနှစ်တိုင်း မိုးရာသီဆိုရင် ရေကြီးတယ် ရေကြီးတဲ့ချိန်မှာကမ်းပါးကိုတိုက်စားတိုက်စားနေတာ ဖြေးဖြေးခြင်းလှိုင်းတွေလည်းရှိတယ်ဆိုတော့လေ ရေကလည်းကြီးတယ်ဆိုတော့ ကမ်းပါးတိုက်စားတိုက်စားပြီးတော့ ပုံသဏ္ဍာန်ပျက်နေတယ် ပြီးတော့ ကမ်းနားကသစ်ပင်တွေလည်းတိုက်စားတိုက်စားပြီးတော့ သစ်ပင်တွေလည်းသေတယ် ဒါကြောင့် ကျွန်တော်တို့လူငယ်တွေအဖွဲ့ကနေ ကိုယ်ထူကိုယ်ထကနေစလုပ်ရအောင်ဆိုပြီးတော့ မနေ့ကနေ ချောင်းကျောက်တွေသယ်ပြီးတော့ ရေကန်နားမှာကျောက်တွေပုံပြီးကျောက်စီဖို့ဆောင်ရွက်နေကြပါတယ်’’ ဟု ဦးလားလ်မှိန်းမွန်နာကပြောသည်။

ရိ ရေကန်သည် နွေရာသီတွင် ရေကျသော်လည်း မိုးတွင်းကာလတွင် ကမ်းနားတိုက်စားမှုကြောင့် ပုံသဏ္ဍာန် ပျက်စီးမှုကြီးမားလာနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြုပြင်ထိန်းသိမ်းမှုမရှိသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“ပြီးခဲ့တဲ့ရိဒ်ကျောက်တိုင်စိုက်တုန်းက အဲဒီရန်ပုံငွေပိုတဲ့ဟာနဲ့လည်း ကျွန်တော်တို့ရိလူတွေနဲ့ စီမယ်လို့ အစိုးရဆီမှာပြောတယ်တောင်းတယ်ပေါ့နော် အုပ်ချုပ်ရေးမှူးတွေက သူတို့ခွင့်မပြုဘူး အဲဒါတော့ကျွန်တော်တို့ စည်ပင်ကပဲလုပ်မယ်ဆိုပြီးတော့တားတာ အခုတစ်နှစ်တောင်ကျော်နေပြီသူတို့ဘာမှမလုပ်ပေးဘူး အခုနွေရာသီမှာ ရေကျတဲ့ချိန်မှာမလုပ်ဘူးဆိုရင်တော့ လာမယ့်မိုးတွင်းမှာဆိုရင်တအားပြန်တိုက်စားမှာ သူတို့အစိုးရကနေဘာသတင်းမှမကြားဘူး တခြားလုပ်ငန်းတွေဆိုရင်တော့လုပ်တယ် ရိနဲ့ပတ်သက်ရင် ဂရုမစိုက်တာပေါ့နော် အဲလိုမျိုးဖြစ်နေတာအခု” ဟု ဦးလားလ်မှိန်းမွန်နာကပြောသည်။

ရိ လူငယ်အဖွဲ့တို့သည် ကျောက်ခွဲစက်နှင့် ချောင်းမှ ကျောက်များကို သယ်ယူကာ ရိ ရေကန်၏ ကမ်းစပ်များကို ကျောက်စီကြမည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...