ဧပြီလအတွင်း မြို့တိုးမြှင့်ရရှိသည့် ဝေဘူလ၊ ကျင်ဒွေးနှင့် မကွီးအိမ်နူး မြို့သုံးမြို့ဖွင့်ပွဲကျင်းမည်

ဧပြီလအတွင်း မြို့တိုးမြှင့်ရရှိသည့် ဝေဘူလ၊ ကျင်ဒွေးနှင့် မကွီးအိမ်နူး မြို့သုံးမြို့ဖွင့်ပွဲကျင်းမည်

ချင်းပြည်နယ်အတွင်းရှိ ဖလမ်းခရိုင်အတွင်းရှိ ဝေဘူလမြို့၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေး နှင့် မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူး မြို့သုံးမြို့ဖွင့်ပွဲကို ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။

ဝန်ကြီး ဦးစိုးထက်က “ဝေဘူလက နောက်လ(၃) ရက်နေ့ မနက်မှာဖွင့်ပွဲလုပ်မှာပါ။ ဝေဘူလက မြို့အဖြစ်ရတာတော့ ခြောက်လလောက် ရှိသွားပြီ ဝေဘူလမှာ (၃) ရက်နေ့မှာ ဖွင့်ပွဲလုပ်ပြီးတော့ ဆက်တိုက်ကျင်ဒွေးမှာလည်း မြို့အသစ်ဖွင့်ပွဲကို (၅) ရက်နေ့ လုပ်မှာဖြစ်တယ်။ အဲတာပြီးတာနဲ့ မကွီးအိမ်နူးမြို့ကို(၆)ရက်နေ့ ဖွင့်ပွဲပြန်လုပ်မယ်။ အဲဒါတွေပြီးသွားရင် မတူပီခရိုင်ရုံးကို သွားကြည့်ပြီးတော့ ခရိုင်ရုံးတည်ဆောက်မယ့် နေရာကိုအတည်ပြုသွားမှာဖြစ်တယ်။ အဲဒီကနေ အခြေနေပေးလို့ရှိရင် လိုင်လင်းပီလေယာဉ်ကွင်း ပန္နပ်ချဖို့လည်းရှိတယ်”ဟုပြောသည်။

ယခုဖွင့်လှစ်မည့် ဝေဘူလ၊ ကျင်ဒွေးနှင့် မကွီးအိမ်နူးမြို့များမှာ ယခင်က မြို့နှင့်အလှမ်းဝေးသဖြင့် ရုံးပိုင်းဆိုင်ရာကိစ္စရပ်များတွင် အခက်အခဲရှိခဲ့သဖြင့် မြို့အဖြစ်တိုးမြင့်လာပါက ဌာနဆိုင်ရာရုံးများ ဖွှင့်လှစ်သွားမည်ဖြစ်သဖြင့် အနီးအနားရှိ ကျေးရွာများအတွက်လည်း အဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။

ဝေဘူလ အုပ်ချုပ်ရေးမှူးဦး Pu Ngun Hrangက “နောက်လသုံးရက်နေ့ နံနက်(၁၀)နာရီ အချိန်မှာ ပြည်နယ်ဝန်ကြီးချုပ်က ဝေဘူလမြို့ဖွင့်ပွဲ တစ်ခုတည်းမဟုတ်ဘဲနဲ့ ဝေဘူလအထက်တန်းကျောင်း အဆင့်တိုးမြှင့်ပွဲကိုပါ ပူးတွဲလုပ်မယ်လို့ သိရတယ်” ဟုပြောသည်။

ဝေဘူလမြို့ကို ပြီးခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို ခရီးစဉ်တွင် ဖွင့်ပွဲကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ရွှေ့ဆိုင်းလိုက်ရ ကြောင်းလည်းသိရသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...