ရွေးကောက်ပွဲကော်မရှင်တွင် ပါဝင်သည့် မြို့မိမြို့ဖများအတွက် နိုင်ငံတော်အနေဖြင့် ချီးမြှင့်ငွေများပေးအပ်သင့်ဟု ကော်မရှင် အရာရှိပြော

ရွေးကောက်ပွဲကော်မရှင်တွင် ပါဝင်သည့် မြို့မိမြို့ဖများအတွက် နိုင်ငံတော်အနေဖြင့် ချီးမြှင့်ငွေများပေးအပ်သင့်ဟု ကော်မရှင် အရာရှိပြော

ရွေးကောက်ပွဲကော်မရှင်တွင် ပါဝင်သည့် မြို့မိမြို့ဖများအနေဖြင့် လစာခံစားခွင့်မရှိသည့် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်နေရခြင်းဖြစ်ခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ချီးမြှင့်ငွေများ ဖန်တီးပေးအပ်သင့်ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က “အများ ယုံကြည်ရတဲ့ ခြောက်ယောက်က စေတနာဝန် ထမ်းတွေဖြစ်တယ်။ သူတို့ကို ခုကတည်းက စောစောခန့်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ဥပဒေနဲ့နည်းဥပဒေတွေတော့ ကောင်းကောင်းသိကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့တော့ သူတို့မိသားစုရယ်၊ သူတို့အသက်အရွယ်အရ ဒီချိန်မှာ အသက်အရွယ်က ခြောက်ဆယ်ကျော်တွေပဲ။ သူတို့ကအများယုံကြည်ရတဲ့ ဂုဏ်သိက္ခာရှိတဲ့ မြို့မိမြို့ဖတွေပဲလေ။ နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့ သူတွေဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ ချီးမြှင့်ငွေရမယ်ဆိုရင် နိုင်ငံအတွက်ရော သူတို့အတွက်ရော ပိုကောင်းသွားတာပေါ့”ဟုပြောသည်။

တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စေတနာဝန်ထမ်းအဖြစ် ပါဝင်သည့် မြို့မိမြို့ဖအားလုံးအား လစာအဖြစ် နိုင်ငံတော်မှ မပေးနိုင်သော်လည်း ထိုက်သင့်သည့် ချီးမြှင့်ငွေပေးသင့်ကြောင်း ဦးလင်းကျော်ကပြောသည်။

သူက “လစဉ် ချီးမြှင့်ငွေတွေ ပေးရမယ်ဆိုရင် နိုင်ငံတော်ရဲ့ GDP အရ မတတ်နိုင်ဘူးလေ။ လွှတ်တော်မှာလည်း ဒါကိုဆွေးနွေးကြတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း တွက်ကြည့်ကြတယ်။ ပမာဏက ဘီလီယံနဲ့ချီတော့ တော်တော်များတယ်။ နိုင်ငံ့အခြေအနေရတော့ ခက်ခဲတာပေါ့။ လစဉ်ချီးမြှင့်တဲ့ငွေမဟုတ်ရင်တောင် သူတို့ရဲ့ အစည်းအဝေးထိုင်တဲ့ စရိတ်လိုမျိုးအတွက် ခံစားခွင့်လေးကို ရစေချင်တယ်”ဟုပြောသည်။

၂၀၂၀ရွေးကောက်ပွဲအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများ တွင်ပါဝင်မည့် အများယုံကြည်ရသည့် မြို့မိမြို့ဖများကို ခန့်အပ်ပြီးဖြစ်သည်။ ချင်းပြည်နယ်တွင်လည်း မြို့နယ် အဆင့် အထိ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းပြီဖြစ်သကဲ့သို့ ကျေးရွာအုပ်စု၊ ရပ်ကျေးနှင့် ရပ်ကွက်အဆင့် များတွင်လည်း ဖွဲ့စည်းပြီဖြစ်သော်လည်း မြို့အဖြစ် ထပ်မံအဆင့်မြှင့်သည့် မြို့များတွင်မူ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့ရန် လိုအပ်သေးကြောင်းသိရသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...