ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်လက်အောက်ရှိအသင်းတော်ပေါင်း ၉၀၀ကျော်မှ ပလက်ဝနှင့် ကချင်ပြည်နယ်ရှိစစ်ဘေးရှောင်ပြည်သူများအတွက် ဆုတောင်းပေးခြင်းနှင့် အလှူငွေပေးအပ်ခြင်းများတစ်ပြိုင်တည်းပြုလုပ်သွားမည်

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်လက်အောက်ရှိအသင်းတော်ပေါင်း ၉၀၀ကျော်မှ ပလက်ဝနှင့် ကချင်ပြည်နယ်ရှိစစ်ဘေးရှောင်ပြည်သူများအတွက် ဆုတောင်းပေးခြင်းနှင့် အလှူငွေပေးအပ်ခြင်းများတစ်ပြိုင်တည်းပြုလုပ်သွားမည်

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်လက်အောက်ရှိအသင်းတော်ပေါင်း ၉၀၀ကျော်မှ ပလက်ဝနှင့် ကချင်ပြည်နယ်ရှိစစ်ဘေးရှောင်ပြည်သူများအတွက် ဆုတောင်းပေးခြင်းနှင့် အလှူငွေပေးအပ်ခြင်းများတစ်ပြိုင်တည်းပြုလုပ်သွားမည်

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC) လက်အောက်ရှိအသင်းတော်ပေါင်း ၉၀၀ကျော်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ကချင်ပြည်နယ်ရှိစစ်ဘေးရှောင် ပြည်သူများအတွက် ဆုတောင်းပေးခြင်းနှင့် အလှူငွေကောက်ခံခြင်းများကိုတစ်ပြိုင်တည်းပြုလုပ်သွားမည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာလောဟာလိန်းမှပြောသည်။

“ပလက်ဝဘက်မှာရှိတဲ့ ကျွန်တော်တို့ညီအစ်ကိုတွေဖြစ်တဲ့ စစ်ဘေးရှောင်တွေအတွက် အထူးဆုတောင်းခြင်းကို ဧပြီလ၁၄ရက်မှာ CBC လက်အောက် အသင်းတော်ပေါင်း ၉၀၀ကျော်မှာ ပြုလုပ်သွားမှာပါ၊ နောက်ပြီး အဲဒီနေ့မှာ ကောက်ခံရရှိတဲ့အလှူငွေတွေအကုန်လုံးကိုလည်း ပလက်ဝစစ်ရှောင်တွေအတွက် ပေးအပ်သွားဖို့ သင်းလုံးကျွတ်အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်၊ ပြီးတော့ ကချင်စစ်ဘေးရှောင်တွေအတွက်ကိုတော့ ဧပြီလ ၂၁ရက်နေ့ သတ်မှတ်ထားပါတယ်၊ အဲဒီနေ့မှာ အထူးဆုတောင်းခြင်းနှင့် ကောက်ခံရရှိတဲ့ အလှူငွေတွေကို ပေးလှူသွားမှာပါ၊ နောက်ပြီး မြန်မာတစ်နိုင်ငံလုံး တရားမျှတမှုရှိရေးနှင့် ငြိမ်းချမ်းရေး ရနိုင်ဖို့အတွက် အထူးဆုတောင်ခြင်းကို အာဇာနည်နေ့နဲ့ အနီးဆုံးဖြစ်တဲ့ ဇူလိုင်လ ၂၁ရက်နေ့မှာ ပြုလုပ်သွားမှာပါ၊ အဲဒါကတော့ အလှူငွေပါဝင်မှာမဟုတ်ပါဘူး”ဟု ချင်းနှစ်ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာလောဟာလိန်းမှ ပြောသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC)၏ သုံးနှစ်တစ်ကြိမ်ကျင်းပသည့် သင်းလုံးကျွတ်အစည်းအဝေးကြီးကို ထန်တလန်မြို့တွင် မတ်လ ၂၁ရက်မှ ၂၄ရက်အနေ့အထိ သုံးရက်တာကျင်းပခဲ့ပြီး နယ်အဖွဲ့ ၂၇ပါးနှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတောများမှ ကိုယ်စားလှယ် ၄၀၃ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်တွင် အစိုးရစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့အကြား ၂၀၁၅ခုနှစ်မှစတင်ကာ စစ်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်းသိရသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...