ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခြင်းသာဖြစ်ဟု CNDP ပါတီဥက္ကဌဦးဇိုဇမ်မှပြော

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခြင်းသာဖြစ်ဟု CNDP ပါတီဥက္ကဌဦးဇိုဇမ်မှပြော

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မတ်လ ၂၂ရက်နေ့တွင် သွားရောက်တွေ့ဆုံခြင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဆွေးနွေးရန် သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်မှပြောသည်။

“ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သတ်လို့ သူတို့နဲ့ လုပ်လာခဲ့တာလေ၊ လက်ရှိတိုင်းရေး ပြည်ရေးအခြေအနေ NCA အခြေအနေ UPDJC အခြေအနေ အဲဒါတွေ သိချင်လို့ ကျွန်တော့်ကို ဖိတ်တာပါ၊ ဆွေးနွေးတာကတော့ တိုင်းရေးပြည်ရေးအခြေအနေတွေကိုဘဲ သူကပြောတာပါ၊ လုံခြုံရေးနဲ့ ပတ်သတ်ပြီးတော့ တော်တော်စိုးရိမ်စရာရှိတယ်ပေါ့၊နောက်ပြီး စီးပွားရေးကတအားကိုကျနေတယ်ပေါ့၊ နောက် ရခိုင်ကိစ္စတွေကို လဘ္ဘက်ရည်သောက်ရင်းနဲ့ သူကရှင်းပြတာပါ၊ ကျွန်တော်ကလည်း ရှင်းရှင်းပြောရရင် ကျန်တဲ့ပါတီတွေ လာမယ်မှန်းတောင်မသိဘူး၊ ကျွန်တော်သွားတွေ့တာက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သတ်ပြီး သွားတွေ့တာပါ၊ ပါတီနဲ့မဆိုင်ပါဘူး”ဟု CNDP ဥက္ကဌဦးဇိုဇမ်မှ ပြောသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပါတ်သတ်ပြီး CNDP ပါတီသည် နိုင်ငံရေးလမ်းစဉ် အကောင်အထည်ဖော်ရာတွင် မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်နှင့်မဆို လိုအပ်သလို လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရန် မူဝါဒချမှတ်ထားသည့်နှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်တွင် CNDP ပါတီ ဥက္ကဌအနေဖြင့် သွားရောက်တွေ့ဆုံရာ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးအခြေအနေ၊ တိုင်းပြည်စီးပွားရေး အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပါတ်သက်ပြီး မိမိတို့ပါတီ၏ အမြင်သဘောထားကို လွတ်လပ်စွာသွားရောက်ဆွေးနွေးခဲ့ကြောင်း CNDP ပါတီမှ မတ်လ ၂၃ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

CNDP ပါတီ၏ ထုတ်ပြန်ချက်ထဲတွင် မတ်လ ၂၂ရက်နေ့ထုတ် Popular News Jornal တွင်ပါရှိသည့် “ပါတီအသီးသီး၏ သဘောထားများကို မိတ်ဆက်ရှင်းလင်းဆွေးနွေး ကြပြီး တပ်မတော်၏သဘောထားရပ်တည်ချက်ဖြင့် ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်း ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြသည်” ဟု ရေးသားဖော်ပြမှုမှာ ပါတီ၏ သဘောထားမပါရှိပါကြောင်း ရှင်းလင်းထားသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...