မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင် တွင် တည်ဆောက်ရန်အတည်ပြု

မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင် တွင် တည်ဆောက်ရန်အတည်ပြု

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကို ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်အရ မတူပီမြို့မှ (၈) မိုင်ခန့်ဝေးသော ဟားခါး-မတူပီလမ်းမကြီးဘက် ဖနိုင်-ငလိုင် ကျေးရွာဘက်တွင် အတည်ပြုလိုက်ပြီဟု သိရသည်။

ခရိုင်ရုံးတည်ဆောက်ရန် မြေနေရာ (၅) ခုကို ပဏာမလျာထားပြီး အသင့်တော်ဆုံးဖြစ်မည့်နေရာကို ဆောက် လုပ်ရေးဝန် ကြီးဌာနမှ ပညာရှင်များက အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ရာတွင် ဂေါက်ကွင်းအထက်က ၂၈ မှတ်၊ လက်ရှိထွေအုပ်ရုံးနေရာ အမှတ် ၃၈ မှတ်နှင့် ဖနိုင်- ငလိုင် နေရာသည် ရမှတ် ၄၆ မှတ်ဖြင့် အများဆုံးဖြစ် သည့်အတွက် အဆိုပါနေရာကို ရွေးချယ် လိုက်သည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာများဖွံ့ဖြိုးဦးစီးဌာနကနေ အမှတ် ပေးစရင်း အရ မြေနဲ့ပတ်သက်ပြီး ပညာရှင်များသုံးသပ်ချက်အရ အငြင်းပွားဖြစ်နေတဲ့ ဖနိုင်- ငလိုင်က အမှတ် ၅၀ မှာ ၄၆ မှတ်ပေး ထားတယ် ပညာရှင်တွေက နောက်ထပ်နှစ်သုံးလေးဆယ်အတွက် အဆင်ပြေမယ့်နေရာ ကိုကြည့်ပြီးရွေးချယ်လိုက်တာ ဖြစ်တယ်၊ နောက်ပြီးတော့ ခရိုင်ရုံးဆိုတာကအားလုံး ၂၆ လုံးလောက်ရှိတယ် ၂၆ ရုံးနှင့် လူနေအဆောက်အဦးတွေ ဆောက်မယ်ဆိုရင် ဧကပေါင်း တစ်ရာကျော်လောက်လိုတာပေါ့ အဲဒီအတွက် ဧက ၁၈၀ လောက်ရှိတဲ့ ဖနိုင်-ငလိုင်က အသင့်တော်ဆုံးဆိုပြီး ပညာရှင်တွေသုံးသပ်တဲ့အတွက် ကျွန်တော်တို့ ချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း အဲဒီနေရာကို ရွေးထားတယ်” ဟု စည်ပင်ဝန်ကြီးကပြောသည်။

မတူပီမြို့နယ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လကတည်းက မတူပီနှင့် ပလက်ဝနယ်ကို စုစည်း၍ မတူပီခရိုင် အဖြစ်တိုးမြှင့်သတ်မှတ်ပြီးဖြစ်သော်လည်း ခရိုင်ရုံးတည်ဆောက်မည့် မြေနေရာအငြင်းပွားမှုကြောင့် ယနေ့ချိန် ထိ ခရိုင်ရုံးတည်ဆောက်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။

မတူပီမြို့ဒေသခံတစ်ချိူ့က ခရိုင်ရုံးကို မတူပီမြို့ပေါ် ယခုလက်ရှိထွေအုပ်ရုံးနေရာအနီးတွင် တည်ဆောက်ရန် ဆန္ဒရှိကြပြီး ဒေသခံတစ်ချိူ့ကမူ နဂိုကတည်းက အစိုးရစီစဉ်ထားသည့် ဖနိုင်-ငလိုင်ဒေသဘက်တွင် တည်ဆောက်ရန် ဆန္ဒရှိကြသည်။ ယင်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအကြား အငြင်းပွားမှုဖြစ်ပွားကာ အပြန်အလှန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသေးသည်။

နောက်ဆုံးတွင် ပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ အမှတ်ပေးစည်းမျဉ်းအတိုင်း ဖနိုင်-ငလိုင်ဘက်တွင် တည်ဆောက်ရန် ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။

မတူပီခရိုင်ရုံးတည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ်သန်း(၁၈၂၄ ဒသမ ၉) ချထားပြီးဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် မတ်လ ၁၄ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...