မတူပီမြို့ ပေါ်၂၄ နာရီမီးရရှိရေး လုပ်ငန်းအကောင်ထည်မှု စတင်ဆောင်ရွက်လျက်ရှိ

မတူပီမြို့ ပေါ်၂၄ နာရီမီးရရှိရေး လုပ်ငန်းအကောင်ထည်မှု စတင်ဆောင်ရွက်လျက်ရှိ

မတူပီမြို့တွင် (၂၄)နာရီ ဓါတ်အားလိုင်းရရှိရေး ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းခွဲရုံ တည်ဆောက်လျှက်ရှိပြီး ၂၀၁၉-၂၀ဘဏ္ဍရေးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းကပြောသည်။

လျှပ်စစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းက “မဟာဓါတ်အားလိုင်းခွဲရုံ တည်ဆောက်တာစနေပြီ ။ ထရန်စဖော်မာတွေသယ်နေပြီ။ ၂၀၁၉-၂၀ ဘဏ္ဍရေးနှစ်မှာ အပြီးလုပ်မှာဖြစ်တယ်။ တိုင်ထူတဲ့အခါ ကြိုးဆွဲတဲ့အခါမှာ ဒီဖက်က ပစ္စည်းပို့ရတာ နည်းနည်းခက်ခဲတယ် လမ်းတွေဘာတွေဖောက်ရ အဲလိုအခက်ခဲတော့ရှိတယ်။ ဒီနှစ်အတွင်းတော့ ပြီးအောင်ဆောင်ရွက်သွား ကြမှာဖြစ်တယ်”ဟုပြောသည်။

မင်းတပ်-မတူပီမဟာ ဓာတ်အားလိုင်း (၅၀.၅)မိုင်အတွင်း လျှပ်စစ်တာဝါတိုင် (၂၈၈)တိုင် စိုက်ထူပြီး ဓါတ်အားလိုင်းသွယ်တန်းမည်ဖြစ်ရာ ယခုအခါ တာဝါတိုင်(၁၃၇)တိုင် စိုက်ထူမည့် မြေနေရာ ရှင်းလင်းခြင်းနှင့် ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မတူပီမြို့ပေါ်ပိုင်းတွင် လျှပ်စစ်တာဝါတိုင်များ စိုက်ထူရန် မြေနေရာများအတွက် ဒေသခံပြည်သူများနှင့် ပြသနာဖြေရှင်းနေရသည့်အတွက် လုပ်ငန်းကို ကြန့်ကြာစေနိုင်ကြောင်း လျှပ်စစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းကပြောသည်။

သူက “မြို့ပေါ်ပိုင်းကတော့ မြေကိစ္စနည်းနည်းတော့ ပြသနာရှိတယ်။ အစိုးရလုပ်ငန်းဆိုတော့ တိုင်စိုက်မယ့်၊ ကြိုးဆွဲမယ့် လိုင်းတလျှောက် သီးနှံတွေပျက်စီးတယ် ဆိုရင်တော့ သီးနှံတွေကို မြို့နယ်ကော်မတီက ပျက်စီးသွားတဲ့ သီးနှံတွေအတွက် တစ်နှစ်အတွက်လျော်ကြေးပေးမယ်ပြောတာကို တချို့ကလုံးဝညှိလို့ မရတဲ့ တချို့လူတွေကြောင့် နည်းနည်းခက်ခဲကြန့်ကြာတာတွေရှိတယ်။ တချို့လူတွေကျတော့လျော်ကြေးလိုချင်ကြတယ်။ ၂၀၁၉-၂၀ ဘဏ္ဍနှစ်မှာတော့ပြီးနိုင်မယ်။ မြေကိစ္စတွေရှင်းပြီးရင်တော့မြန်မှာ။ စီမံကိန်းနဲ့လုပ်တာဆိုတော့ ပြီးမှာပါ။ လူထုအနေနဲ့လည်း ကိုယ့်မြို့နယ်အတွက်ဘဲ မြေကိစ္စတွေဖြစ်လာရင်လည်း ဝိုင်းဝန်းကူညီပေးစေချင်တယ်” ဟုလျှပ်စစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းကပြောသည်။

မတူပီမြို့အတွင်း လျှပ်စစ်ဓါတ်အား ပေးဝေမှုကို ဘုံတလာရေးအားလျှပ်စစ်နှင့် နမ့်လောင်ရေအားလျှပ်စစ်တို့မှ မြို့ပေါ်(၄)ရပ်ကွက်သို့ ဖြန့်ဖြူးပေးလျှက်ရှိရာ မိုးတွင်းကာလများမှအပ လျှပ်စစ်မီးလုံလောက်မှုမရှိကြောင်းလည်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...