ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ဟု UNHCR ပြော

ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ဟု UNHCR ပြော

ချင်းပြည်နယ်တောင်ပိုင်းတွင် လုံခြုံရေးအအခြေနေ ပိုမိုဆိုးရွားလာနေခြင်းကြောင့် ချင်းဒုက္ခသည်များကို နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က မတ်လ (၁၄) ရက်နေ့က ပြောဆိုလိုက်သည်။

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာခြင်းကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လအစောပိုင်းက ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် ဆိုးရွားလာနေသည့် လုံခြုံရေးအခြေအနေကြောင့် ချင်းဒုက္ခသည်များကို နိုင်ငံတကာက ဆက်လက်ပြီး အကာအကွယ်ပေးရန် လိုအပ်သည်ဟု UNHCR က မတ်လ (၁၄) ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UNHCR ရုံးမှ Assistant High Commissioner (Protection) said Volker Türk က “မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်းမှာ လုံခြုံမှုအခြေအနေတွေ ဆက်လက်ဆိုးရွားနေသရွေ့ ချင်းဒုက္ခသည်တွေဟာ နိုင်ငံတစ်ကာရဲ့ကာကွယ်မှု ဆက်လက်လိုအပ်နေသေးတယ်ဆိုတာကို ကျွန်တော်တို့ တရားဝင်အသိအမှတ်ပြုပါတယ်’’ ဟု ပြောသည်။

ယခုလက်ရှိတွင် UNHCR ရုံးတွင် ချင်းဒုက္ခသည်ပေါင်း (၁၈၀၀၀) ထက်မနည်း မှတ်ပုံတင်ထားကြောင်း၊ အများစု (၁၅၀၀၀ ကျော်) သည် မလေးရှားတွင်နေထိုင်သူများဖြစ်ကြပြီး၊ အိန္ဒိယ၊ ယိုးဒယားနှင့် နီပေါလ်နိုင်ငံတို့တွင်လည်း အနည်းငယ်စီရှိကြသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNHCR အနေဖြင့် ဒုက္ခသည်များ ခေတ္တခိုလှုံရာနိုင်ငံများရှိ သက်ဆိုင်ရာရုံးအသီးသီးတွင် ချင်းဒုက္ခသည်များအား တစ်ဦးချင်းခေါ်ယူဆွေးနွေးခြင်းနှင့် ၎င်းတို့၏လျှောက်လဲချက်များအား ပြန်လည်သုံးသပ်ခြင်း၊ ပြုလုပ်ခဲ့သော်လည်း အပြီးသတ်ဆုံးဖြတ်ခြင်းမရှိသေးကြောင်း၊ မည်သည့်ချင်းဒုက္ခသည်မျှ ၎င်းတို့၏ ဒုက္ခသည်ဖြစ်ခြင်းအား ဆုံးရှုံးမည်မဟုတ်သည့်အပြင် တစ်ဦးချင်းအပေါ် စစ်ဆေးသုံးသပ်ခြင်းကိုလည်း ရပ်နားလိုက်ပြီဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ချင်းဒုက္ခသည်များအရေး ဖြေရှင်းရာတွင် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်သွားမည်ဖြစ်ရာ မိမိတို့နေရပ်လုံခြုံလာသည့်အချိန်တွင် မိမိဆန္ဒအလျောက် ငြိမ်းချမ်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရန်နှင့် ဘဝသစ်ပြန်လည်အစပြုနိုင်ရန်အထိ လုပ်ဆောင်သွားမည်ဟု UNHCR ကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...