ချင်းပြည်နယ်အစိုးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘတ်ဂျက်၏ ၆၁ ရာခိုင်နှုန်းကို လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုသွားမည်ဟု သိရသည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ဘတ်ဂျက်အသုံးစရိတ်မှာကျပ် ၁၄၄,၈၉၆ သန်းခန့်ရှိသည်ဟု သိရပြီး ယင်းအထဲမှ ၆၁ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်သည့် လုပ်ငန်းစီမံကိန်းများအတွက် သုံးစွဲမည်ဟု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ စာအုပ်တွင် ဖော်ပြထားသည်။
ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “အဓိကသုံးတာကတော့ လမ်းအတွက်ကိုသုံးတာများတယ် ကျွန်တော်တို့လမ်းမကောင်းတဲ့ခါကျတော့ လမ်းအတွက်ကြီးပဲ ကျွန်တော်တို့ ၆၁ ရာခိုင်နှုန်းလောက်သုံးထားတယ် ပြည်ထောင်စုဘက်ဂျက်ကရော ပြည်နယ်ဘက်ဂျက်ဘက်ကရောအဲလိုလေးသုံးထားတော့ အများကတော့ ကျွန်တော်တို့စိုက်ပျိုးရေးကိုလုပ်ပြီးတော့ စိုက်ပျိုးရေးကိုအဓိကအခြေခံတဲ့နေရာတွေမှာဘာဖြစ်လို့ အဲလောက်သုံးတာလဲဆိုတော့ ကျွန်တော်တို့ကလည်းလမ်းမကောင်းတာလည်းအဓိကဖြစ်နေတယ် တစ်မြို့နှင့် တစ်မြို့ဆက်သွယ်လို့မရဘူးတစ်နေရာနှင့်တစ်နေရာဆက်သွယ်လို့မရတဲ့ပြသာနာကအဓိကကြီးထွားတာပေါ့” ဟုပြောသည်။
ချင်းပြည်နယ်တွင် ပြည်နယ်ဘတ်ဂျက်မှအသုံးစရိတ်နှင့် ပြည်ထောင်စုဘတ်ဂျက်မှအသုံးစရိတ်ဟူ၍ နှစ်မျိူးရှိပြီး ပြည်နယ်ဘတ်ဂျက်မှ ကျပ် ၆၇, ၀၅၀ သန်းနှင့် ပြည်ထောင်စုမှ ချပေးသောဘတ်ဂျက်မှ ကျပ် ၂၈,၉၄၅ သန်းဘတ်ဂျက်တစ်ခုလုံး၏ ၆၁ % နှုန်းကိုလမ်း၊ တံတားတည်ဆောက်ရေးအတွက် အသုံးပြုရန်လျာထားခြင်းဖြစ်ည်။
ဒုတိယအများဆုံးလျာထားသည့် ကဏ္ဍမှာ ပြည်နယ်ဗဟိုအဖွဲ့အစည်းများ- ကျပ်သန်း ၂၁၃၃၄ (၁၉) ရာခိုင်နှုန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန - ကျပ်သန်း ၈၄၃၁ (၈) ရာခိုင်နှုန်း၊ စည်ပင်သာယာရေးအဖွဲ့များ- ကျပ်သန်း ၆၉၄၇ (၆) ရာခိုင်နှုန်း၊ ပြည်ထဲရေးဝန်ကြီးဌာန- ကျပ်သန်း ၄၆၅၆၊စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန- ကျပ်သန်း ၉၄၉၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန- ၈၇၂၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန- ကျပ်သန်း ၃၆၈၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန- ကျပ်သန်း ၂၉၉ တို့ဖြစ်သည်။
ပြည်ထောင်စုမှ ချပေးထားသည့် ဘတ်ဂျက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည်အများဆုံးဖြစ်ပြီးကျပ်သန်းပေါင်း ၂၈၉၄၅၊ ဒုတိယအများဆုံးမှာ ပညာရေးဝန်ကြီးဌာနအတွက် ကျပ်သန်းပေါင်း ၂၄၆၃၃ နှင့် တတိယအများဆုံးမှာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျပ်သန်းပေါင်း ၁၈၃၀၂ တို့ဖြစ်ကြောင်းသိရသည်။







