အိန္ဒိယ-မြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်စွာတစ်ဦးဒဏ်ရာရ

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်စွာတစ်ဦးဒဏ်ရာရ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Chakma autonomous District Council နယ်မြေအတွင်း ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ဒေသခံတစ်ဦး တောထွက်ရင်း မြေမြှုပ်မိုင်းနင်းမိကာ ပြင်းထန်စွာတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Bangdukbanga ကျေးရွာတွင်နေထိုင်သူ Biranda Kumar နှင့် သူငယ်ချင်းများ တောထွက်ရင်း ယခုလို မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်အဖြတ်ခံလိုက်ရကြောင်း လောင်တလိုင်မြို့တွင်နေထိုင်သူ B.John က ပြောသည်။

“တောမှာ အစာထွက်ရှာရင်း နင်းမိတာပါ။ အင်အားသိပ်မပြင်းတော့ တစ်ဦးဘဲ ဒဏ်ရာပြင်ထန်းစွာရတယ်။ ဆေးရုံမှာ ခြေထောက်တစ်ဖက်ဖြတ်ခံလိုက်ရတယ်။” ဟု ၎င်းကပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းမှာ မည်သူမည်ဝါထောင်ထားသော မြေမြှုပ်မိုင်းဖြစ်သည်ကို မသိရသော်လည်း အခင်းဖြစ်ပွားသည့် နေရာဒေသသည် ယခင်က Arakan Lebration Party တို့ ခြေကုပ်ယူထားသော နေရာဖြစ်သည့်အတွက် ALP ထောင်ထားခဲ့သော မြေမြှုပ်မိုင်းဖြစ်နိုင်ကြောင်း B.John က ယခုလို ပြောပါသည်။

“အခုနင်းမိခဲ့သည့် မြေမြှုပ်မိုင်းက အင်အားသိပ်မပြင်းဘူး။ တော်တော်ကြာနေပြီဖြစ်နိုင်တယ်။ အခင်းဖြစ်သွားတဲ့နေရာဒေသဟာ ယခင်က ALP အဖွဲ့ စခန်းချတဲ့နေရာတွေဖြစ်တယ်။ သူတို့ရှိတုန်းကလည်း မကြာခဏဆိုသလို နင်းမိကျတယ်၊ ဒါကြောင့် ယခုဟာ လည်း အရင်က ALP ထောင်ထားတဲ့ မြေမြုပ်မိုင်းဖြစ်နိုင်တယ်။” ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကလည်း Bangdukbanga ကျေးရွာရှိ Jitua Tongchongya ဆိုသူက ဒီနယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သလို၊ ၂၀၁၈ ခုနှစ် ဇန်နဝါရိ ၁၈ ရက်နေ့တွင်လည်း Kawn ကျေးရွာရှိ Khusoma ကလည်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကူချောင်းဒေသ၊ ရှင်မဒိန် ကျေးရွာနေ အသက် (၄၅) နှစ် အရွယ် ဦးအောင်လွန်းသည် မြန်မာ့တပ်မတော်မှ ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ် ခေါ်ဆောင် သွားရာမှ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မတ်လ (၅) ရက်နေ့တွင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ခဲ့ သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...