ချင်းပြည်နယ်၏ ၂၀၁၈ - ၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် ထုတ်ဝေ

ချင်းပြည်နယ်၏ ၂၀၁၈ - ၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် ထုတ်ဝေ

ချင်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်ကို ပြည်သူလူထုများသိရှိနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရ နှင့် Renaissance Institute တို့ပူးပေါင်း၍ မတ်လ (၁၂) ရက်နေ့က ထုတ်ဝေလိုက်သည်။

ချင်းပြည်နယ်အတွက် ပထမဆုံးအကြိမ်ထုတ်ဝေသည့် အဆိုပါစာစောင်မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ က ဟားခါးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ ပွင့်လင်းမြင်သာမှုရှိအောင်ဆိုပြီး ချင်းပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်တွေကို စီစစ်သုံးသပ်တဲ့ဥစ္စာပေါ့နော်၊ အခုလက်ရှိဆောင်ရွက်နေတဲ့နေရာမှာ နိုင်ငံတော်ဘတ်ဂျက်သုံးတာ ရှိတယ် ပြည်နယ်ဘတ်ဂျက်သုံးတာရှိတယ် အဲဒီလုပ်ငန်းတွေအားလုံး ၂၀၁၈-၁၉ ဘတ်ဂျက်ကို စာအုပ်နဲ့ထုတ်ပြီးတော့ ပြည်သူလူထုကို အကုန်သိအောင်ထုတ်ပြန်ပြီးတော့ ရှင်းလင်းတာ’’ ဟု ပြောသည်။

ရသုံးခန့်မှန်းခြေငွေစာရင်း ဆိုသည်မှာ စီမံကိန်းအရ လာမည့် ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေစုစုပေါင်းမည်မျှရှိ၍ ယင်းငွေ များကို မည်သည့်ကဏ္ဍတွင် မည်သို့မည်ပုံသုံစွဲမည်၊ ရင်းနှီးမြှုပ်နှံမည် စသည့် အစိုးရအဖွဲ့၏ လုပ်ငန်းအစီစဉ်များကို ငွေးကြေးဖြင့်ပြုစုဖော်ပြသည့်စာရင်းဖြစ်သည်။

ယခုကဲ့သို့ ရသုံးခန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် ထုတ်ဝေခြင်းအားဖြင့် ဘတ်ဂျက် ပွင့်လင်းမြင်သာမှုရှိရေး၊ ပြည်သူပါဝင်ရေးဆွဲသော ဘတ်ဂျက်ဖြစ်စေရေးစသည့် ဘဏ္ဍာရေး အလေ့အထ ကောင်းများပိုမိုဖြစ်ထွန်းမည် ဟု ယုံကြည့်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က အဆိုပါအခမ်းအနားတွင်ပြောကြားခဲ့သည်။

“ဘတ်ဂျက်ကို လေ့လာစောင့်ကြည့်ဆန်းစစ်သူတွေအနေနဲ့ ဘဏ္ဍာရေး မူဝါဒရွေးချယ်နိုင်မှု တစ်ခုချင်းစီ၏ အားနည်းချက်၊ အားသာချက်၊ သက်ရောက်မှုတွေကို စောင့်ကြည့် နိုင်မှာဖြစ်သလို ရငွေစွမ်းဆောင်ရည်နှင့် အသုံးစရိတ် ဦးစားပေးရွေးချယ်မှုတွေ ၊ထိရောက်မှုတွေကိုမပြတ်မလပ် ဆန်းစစ်အကြံပြုနိုင်မှာဖြစ်ကြောင်း၊ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုရှိရေး၊ ပြည်သူပါဝင်ရေးဆွဲသော ဘတ်ဂျက်ဖြစ်စေရေးစသည့် ဘဏ္ဍာရေး အလေ့အထ ကောင်း တွေပိုမိုဖြစ်ထွန်းစေရေးအတွက် ပြည်နယ်လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ် များကလည်း ပူးပေါင်းဆောင်ရွက်သွားမည်’’ ဟု ဦးဇိုဘွဲ့ကပြောသည်။

၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် ဘတ်ဂျက်မှာ ပြည်ထောင်စုအစိုးရမှ ကျပ် ဘီလျံ (၁၀၀) နှင့် ပြည်နယ် ဘတ်ဂျက်မှ ကျပ်ဘီလျံ (၁၂၀) စုစုပေါင်း ဘီလျံ (၂၂၀) ခန့်အသုံးပြုမည်ဖြစ်ပြီး ဘတ်ဂျက်၏ (၆၁) ရာခိုင်နှုန်းကို လမ်းတည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုထားသည်ဟု စည်ပင်ဝန်ကြီးကပြောသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...