Chapchar Kut ပွဲတော် ကလေးမြို့တွင်ကျင်းပမည်

Chapchar Kut ပွဲတော် ကလေးမြို့တွင်ကျင်းပမည်

By မိုးကျော် – ချင်း (မီဇိုး) လူမျိူးများ၏ Chapchar Kut ရိုးရာပွဲတော်ကို လာမည့် ဧပြီလ (၁၀ – ၁၁) ရက်နေ့များတွင် ကလေးမြို့နယ်၊ တာဟန်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပကြမည်ဟုသိရသည်။

အဆိုပါပွဲတော်တွင် ဧည့်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ် ပူးဇိုးရမ်းထန်းငါနှင့် ယဉ်ကျေးမှုဆိုင်ရာဝန်ကြီး ပူး လာလ်းဇီးလျန်နာတို့ကို ဖိတ်ကြားထားသည်ဟုသိရသည်။

တာဟန်းအခြေစိုက် Seven Cable Network မှ ၂၀၁၇ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့သော Chapchar Kut Miss အလှမယ်ရွေးချယ်ခြင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ရိုးရာနပန်းပြိုင်ပွဲကိုလည်း ပြုလုပ်သွားမည်ဟုသိရသည်။

ညဘက်တွင် ယဉ်ကျေးမှုအကနှင့် တေးဂီတဖျော်ဖြေရေးအစီစဉ်များလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပ အဆိုတော်များကိုလည်း ဖိတ်ကြားသွားမည်ဟုသိရသည်။

တာဟန်းတွင်ပြုလုပ်ကျင်းပမည့် Chapchar Kut ပွဲတော်ကြီးတွင် မီဇိုရမ်ပြည်နယ်ရှိ Zonunsang Handloom မှ ရိုးရာအထည်များအား ရောင်းချသွားမည်ဟုလည်း ထပ်မံသိရသည်။

မီဇိုးရိုးရာနပန်းပြိုင်ပွဲကို ဧပြီလ (၈) ရက်နေ့မှစ၍ ပြုလုပ်သွားမည်ဖြစ်ပြီး Palian (အကြီးတန်း) ပထမဆု ကျပ်ငွေ (၅) သိန်း၊ ဒုတိယဆု ကျပ်ငွေ (၂) သိန်းခွဲ၊ Palaihawl (အလတ်တန်းစာ) ပထမဆု ကျပ်ငွေ (၄) သိန်း နှင့် ဒုတိယဆု ကျပ်ငွေ (၂) သိန်း၊ Pate (အငယ်တန်း) ပထမဆု ကျပ်ငွေ (၃) သိန်းခွဲနှင့် ဒုတိယဆု (၁၇၅၀၀၀) စသည်ဖြင့် အသီးသီး ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

Chapchar Kut ပွဲတော်ကို မီဇိုရမ်ပြည်နယ်၏မြို့တော်၊ အိုင်ဇောလ်မြို့တွင်လည်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့နှင့် မတ်လ (၁) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...