ဌာနဆိုင်ရာကိစ္စများနှင့် ပက်သက်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ အနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုအပ်ကြောင်း မတူပီလွှတ်တော်အမတ် ဆို

ဌာနဆိုင်ရာကိစ္စများနှင့် ပက်သက်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ အနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုအပ်ကြောင်း မတူပီလွှတ်တော်အမတ် ဆို

ချင်းပြည်နယ်အတွင်း ဌာနဆိုင်ရာဆုံးဖြက်ချက်များနှင့် ပက်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်နှင့် လွှတ်တော်ဥက္ကဌ ဦးဇိုဘွေအနေဖြင့် ပြတ်ပြတ်သားသားဆောင်ရွက် သင့်ကြောင်း မတူပီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ကပြောသည်။

“ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌက အားမရတဲ့အပိုင်းတွေ အများကြီးရှိတယ် ဝန်ကြီးချုပ်ဆိုရင် ဌာနဆိုင်ရာ အကြီးအကဲတွေဖြစ်လာတယ်။ ဝန်ထမ်းရဲ့သဘောသဘာဝကိုလည်း သိနေတယ် ဘယ်လိုမျိုးအပိုင်းကို ခွင့်လွှတ်နားလည်ပေးရမလဲဆိုတာ သူတို့ကအများကြီးစဉ်းစားနေတယ်။ စဉ်းစားတဲ့အပိုင်းမှာ အားမလိုအားမရဖြစ်တာ ပြတ်သားသင့်ရင် ပြတ်သားရမယ် လက်ရှိချင်းပြည်နယ် မတူပီကိုလည်း သူတို့မပြတ်သားခဲ့လို့ဘဲ ဒီလိုဆန္ဒပြတာတွေ လူထုအုံကြွမှုတွေဖြစ်ခဲ့တာ သူတို့ပြတ်သားပြီး ဦးဆောင်နိုင်ရင်တော့ ဒီလိုမျိုးပြသနာ ဖြစ်လာမှာမဟုတ်ဘူး”ဟုမတူပီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ကပြောသည်။

ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ရေးရာကော်မတီဖြစ်ဖြစ် အကြိတ်အနယ် ဆွေးနွေးပြီး ဘတ်ဂျက်ကိုလည်း အလေလွင့်မရှိအောင် လွှတ်တော်တွင်ဆွေးနွေးမှသာ လွှတ်တော်အသံအားကောင်းလာပြီး အစိုးဖက်မှလည်း လွှတ်တော်အသံကို နားထောင်မည်ဖြစ်ကာ လက်ရှိလွှတ်တော်အစည်းအဝေးမှာ ရက်နည်းနည်းဖြင့် မြန်မြန်ကျင်းပ၍ လက်ရှိအချိန်ထိ အားရမှုမရှိသေးကြောင်း မတူပီလွှတ်တာ်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ကပြောသည်။

မတူပီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “အချိန်က နှစ်ရက်သုံးရက်လောက်နဲ့ ကျင်းပတာဆိုတော့ ကျွန်တော်တို့ အစည်းအဝေးက မြန်မြန်လေးပြီးသွားတယ် ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီလိုအချိန်တွေသက်မှတ်လာတော့ ဘယ်သူမှစိတ်ဝင်စားမှုမရှိတော့ဘူး ကိုယ်စားလှယ်တွေကလည်း မနက်ဆယ်နာရီကနေ ငါးနာရီခွဲမှာပြီးတာ ဘယ်သူမှစိတ်ဝင်စားမှုမရှိတော့ဘူး တစ်ခါတည်းပြီးအောင်လုပ်တယ် ဆိုတဲ့ပုံစံမျိုးတွေလည်း ဖြစ်လာတယ်”ဟုပြောသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...