ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်ပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်ပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချင်းပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှု ပိုမိုလုပ်ကိုင်လာစေရေးအတွက်ရည်ရွယ်ပြီး ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်ပြပွဲ (Chin State Investment and Product Fair 2019) ကို မတ်လ ၁၆ နှင့် ၁၇ ရက်နေ့များတွင် ရန်ကုန်ြမို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “ကျွန်တော်တို့ချင်းပြည်နယ်ကို ပြည်တွင်း/ပြည်ပ ရင်းနှီးမြှပ်နှံမှုအများဆုံး ရောက်လာအောင်လုပ်တဲ့ပွဲဖြစ်ပါတယ်၊ Chin State Investment and Product Fair ဆိုပြီးတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာထွက်တဲ့ ထွက်ကုန်တွေရယ်၊ ချင်းပြည်နယ်မှာ လုပ်လို့ရမယ့် စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်အလမ်းတွေကို ချပြမယ်၊ ပြည်တွင်း/ပြည်ပက စီးပွားရေးသမားတွေကို ဖိတ်ခေါ်ပြီးမှ အဲဒါတွေပြမယ်၊ ပြမယ့်ဥစ္စာကတော့ ကျွန်တော်တို့ဆီမှာ လက်ရှိထွက်နေတဲ့ ကြီးကြီးမားမား Company တွေနှင့် လုပ်လို့ရမယ့်ဟာဆိုရင် ရေအားလျှပ်စစ်လိုမျိုး၊ မြို့ပြစီမံကိန်းတွေရှိတယ်၊ အဆောက်အဦးတွေလုပ်လို့ရတယ်၊ အိမ်ယာတွေဆောက်လို့ရတယ်ဆိုတာမျိုး ကျွန်တော်တို့ကြော်ငြာမယ်၊ ရင်းနှီးမြှပ်နှံချင်တဲ့သူတွေကလာ ရောက်ရင်းနှီးမြှပ်နှံမှာပါ” ဟု ပြောသည်။

(၂) ရက်တာကျင်းပပြုလုပ်မည့် အဆိုပါပြပွဲတွင် ချင်းပြည်နယ်မှထွက်ရှိသော ကော်ဖီ၊ ဝဥ၊ ထောပတ် စသည်တို့အပါအဝင် ကုန်စည်နှင့် ရင်းနှီးမြှပ်နှံနိုင်သော လုပ်ငန်းအမျိူးအစား အမျိူးပေါင်း (၅၀) ခန့် ချပြနိုင်မည်ဟုသိရသည်။

ယခုကဲ့သို့ ပြပွဲပြုလုပ်ခြင်းအားဖြင့် ပြည်တွင်း/ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ချင်းပြည်နယ်သို့ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးအခွင့်အလမ်းများ ပွင့်လာမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

“ကျွန်တော်တို့ရင်းနှီးမြှပ်နှံမှုတွေများများ ပြည်တွင်းပြည်ပဝင်လာခြင်းအားဖြင့် ဒေသအတွက် စီးပွားရေးအခွင့်အလမ်းတွေ အများကြီးရှိလာမယ်၊ ဥပမာ – ကျွန်တော်တို့က သူတို့ကို ဟိုတယ်လုပ်ဖို့အတွက် မြေနေရာတွေပေးနိုင်မယ်ဆိုရင် ဟိုတယ်လာဆောက်မယ်၊ ဆောက်ပြီးလို့ရှိရင် ကျွန်တော်တို့ဒေသခံတွေအလုပ်ရကြမယ်၊ နောက် ကျွန်တော်တို့ဆီမှာ ဝဥထုတ်မယ်၊ စက်ရုံတွေကိုလာတည်မယ်၊ စက်ရုံတည်ဆောက်ရုံနဲ့ ကျွန်တော်တို့ဆီမှာအလုပ်တွေရကြမယ်၊ နောက် ဝဥစိုက်တဲ့တောင်သူတွေလည်း ဝင်ငွေရကြမယ်ပေါ့၊ ကော်ဖီတွေလည်းအဲဒီတိုင်းပဲ၊ မြို့နယ်အများစုမှာထွက်တယ်၊ ဒေသခံတွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရမယ်၊ အဓိက ကတော့ ဒီလိုလာရောက်ရင်းနှီးမြှပ်နှံခြင်းအားဖြင့် စီးပွားရေးအခွင့်အလမ်းရကြမယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံရင်းနီးမြှုပ်နှံမှုကော်မရှင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရင်းနီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CSCCI)၊ ဓန Facility နှင့် VDB Loi Company Limited တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် မြန်မာနိုင်ငံ ရင်းနီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးသောင်းထွန်းတို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...