ကလေးမှ ရန်ကုန်သို့ ထွက်ခွာသည့် High Class အမြန်ယဉ်တိမ်းမှောက်

ကလေးမှ ရန်ကုန်သို့ ထွက်ခွာသည့် High Class အမြန်ယဉ်တိမ်းမှောက်

ကလေးမြို့မှ ရန်ကုန်မြို့သို့ မတ်လ ၄ရက်နေ့ နေ့လည်တစ်နာရီတွင် ထွက်ခွာသည့် High Class အမြန်ယဉ်မှာ ရန်ကုန်မြို့အဝင် ၇၇ မိုင်တွင် တိမ်းမှောက်သွားကြောင်း သိရသည်။

"တိမ်းမှောက်တဲ့ယဉ်က မနေ့က ၁နာရီမှာထွက်တဲ့ကားပါ၊ ဖြစ်တာကတော့ ရန်ကုန်အဝင် ၇၇မိုင် ၃ဖာလုံမှာပါ၊ ခုချိန်ထိတော့ အထိအခိုက်စားရင်းလုပ်နေတုန်းဆိုတော့ အတိအကျပြောလို့မရသေးပါဘူး"ဟု ကလေးမြို့ High Class ကားဂိတ် တာဝန်ခံမှပြောသည်။

အဆိုပါယဉ်တိမ်းမှောက်သည့်နေရာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပြီး ယဉ်ပေါ်လိုက်ပါသူအများစုမှာ ချင်းလူမျိုးအများစုဖြစ်ပြီး သေးဆုံးသူ ရှစ်ဦးခန့်ထိရှိကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း အဆိုပါယဉ်ပေါ်တွင် လိုက်ပါသွားသူများထံမှ သိရသည်။

အဆိုပါယဉ်တိမ်းမှောက်မှုနှင့်ပတ်သတ်ပြီး အသေးစိတ်သိရပါက Chin World Media မှ ပြန်လည်ဖော်ပြပေးသွားပါမည်။





High Class အမြန်ယဉ် ယဉ်တိမ်းမှောက့မှုမှ သေဆုံးဒဏ်ရာရသူများစာရင်း

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...