ဖမ်းဆီးခံ သံတောင်ရဲစခန်းမှုးနှင့် အုပ်ချုပ်ရေးမှုးတို့ကို ရက္ခိုင့်တပ်မတာ်AA ကိုယ်တိုင် ဘူးစင်ရွာအထိ ပြန်လိုက်ပို့ပေးခဲ့

ဖမ်းဆီးခံ သံတောင်ရဲစခန်းမှုးနှင့် အုပ်ချုပ်ရေးမှုးတို့ကို ရက္ခိုင့်တပ်မတာ်AA ကိုယ်တိုင် ဘူးစင်ရွာအထိ ပြန်လိုက်ပို့ပေးခဲ့

ရက္ခိုင့်တပ်မတော် AA မှ ဖမ်းဆီးထားသော ပလက်ဝမြို့နယ် သံတောင်ရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးနှစ်ဦး အဖမ်းခံရပြီး ခြောက်ရက်မြောက်နေ့တွင် AAတပ်မတော်ကိုယ်တိုင် ဘူးစင်ကျေးရွာအထိ ပြန်လိုက်ပို့ပေးခဲ့ကြောင်း ဒေသခံများပြောကြားချက် အရသိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သံတောင်ရဲစခန်းမှုး ဆလိုင်းဘီးဗာနှင့် အုပ်ချုပ်ရေးမှုး ဦးချာဟော်တို့ကို AA ကဖမ်းစီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သံတောင်ရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ကို ရခိုင်တပ်မတော် AAမှ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၂၇ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် AA တပ်မတော်အဖွဲ့မှ ဘူးစင်ကျေးရွာအထိ ပြန်လိုက်ပို့ခဲ့ပြီး ဘူးစင်ကျေးရွာသားများမှ လွတ်မြောက်လာသူ နှစ်ဦးအား ဝတ်တစ်ကောင်ဖြင့် ဧည့်ခံကျွေးမွေး ကြကြောင်း ဒေသခံများထံမှသိရသည်။

စစ်ဘေးရှောင် ကယ်ဆယ်ရေး အဖွဲ့ဥက္ကဌ ဦးဝေတန်းက “ ဖမ်းဆီးခေါ်သွားပြီးတော့ ပြန်လွတ်မြောက်ခွင့်ပေးတယ်ဆိုတော့ ကျွန်တော်တို့ချင်းတိုင်းရင်းသား တစ်ယောက်အနေနဲ့ အတိုင်းမသိ ဝမ်းသာမိတယ်”ဟုပြောသည်။

ပြီးခဲ့သော ၂၂ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား သံတောင်ကျေးရွာတစ်ဖက်ကမ်း၊ ဝတ်ချောင်းကျေးရွာနှင့် မနီးမဝေး ငါးမိုင်ခန့်အကွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သံတောင်ရွာ ပြည်သူလူထုသည် အစုလိုက်အထွက်ပြေးတိမ်းရှောင် နေခဲ့ကြရသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...