AA ၏ စာပေးပို့မှုကြောင့် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကလွဲပြီး ရွာကိုစွန့်ကာ ကြိုတင်တိမ်းရှောင်နေရ

AA ၏ စာပေးပို့မှုကြောင့် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကလွဲပြီး ရွာကိုစွန့်ကာ ကြိုတင်တိမ်းရှောင်နေရ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ရက္ခိုင်တပ်မတော်(AA) မှကျေးရွာများတွင်ဝင် ရောက်မည်ဟု စာများပို့သဖြင့် ကျေးရွာအချို့ ရွာကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသော်လည်း ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ ရွာတွင်ဆက်နေထိုင်သည်ဟု စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့မှ ဦးအိုက်လင်းကပြောသည်။

ဦးအိုက်လင်းက “ရက္ခိုင့်တပ်မတော်AA လက်နက်ကိုင်တွေကလည်း ရွာတွေကို ဒီရွာကိုဝင်မယ် ဟိုရွာမှာဝင်မယ် ဆိုတာမျိုးတွေကို စာပို့တာတွေလုပ်ကြတော့ ရွာသူရွာသားတွေကလည်း ကြောက်ပြီးတော့ ကြိုပြေးကြတယ်။ အခုကျွန်တော်ကြားတာတော့ ခြိမ်းခြောက်ခံရလို့ ရွာကိုစွန့်ခွာပြီးပြေးတာ နှစ်ရွာလောက်ရှိတယ်။ လူငယ် လူလတ်ပိုင်းတွေက တခြားရွာတွေကို ထွက်ပြေးကြတယ်။ မိသားစုများတဲ့သူ သက်ကြီးပိုင်းရှိတဲ့သူတွေက သွားလည်းမသွားနိုင်ဆိုတော့ သေရင်လည်းသေဆိုပြီး နေခဲ့တာတွေလည်းရှိတယ်။”ဟုပြောသည်။

လွန်ခဲ့သော အပက်က သံတောင်ကျေးရွာတစ်ဖက်ကမ်း ၊ ဝတ်ချောင်းကျေးရွာနှင့် မနီးမဝေးနေရာ ငါးမိုင်ခန့်အကွာတွင် မြန့်မာ့တပ်မတော်နှင့် AA လက်နက်ကိုများ ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ သံတောင်ရွာ ပြည်သူလူထုသည် အစုလိုက်ထွတ်ပြေးတိမ်းရှောင် ခဲ့ရသည့်အပြင် သံတောင်ကျေးရွာ သံတောင်ရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကိုပါ AAလက်နက်ကိုင်များမှ ဖမ်းဆီးသွားခဲ့ကြပြီး ယနေ့အချိန်ထိ သတင်းအစအန မကြားရသည့်အပေါ် မိသားစုဝင်နှင့် ဒေသခံများစိုးရိမ်ပူပန်နေကြရပြီး ဘာသာပေါင်းစုံမှ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်ဟုလည်း သိရသည်။

ဦးအိုက်လင်းက “အဖမ်းခံလိုက်ရတဲ့ ရဲစခန်းမှူးရော ကျေးရွာအုပ်ချုပ်မှူး သူတို့ရဲ့မိသားစုတွေရော ဒေသခံတွေရော အရမ်းစိုးရိမ်နေကျတယ်။ အိမ်ကိုချောချောမွေ့မွေ့ ပြန်ရောက်နှိုင်ဖို့ ဘာသာပေါင်းစုံက ဆုတောင်းကြတာတွေ လုပ်နေကြတယ်။”ဟုပြောသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...