NLD ဗဟိုပါတီသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များတွင် စွက်ဖက် မထီမဲ့မြင်ပြုကြောင်းမင်းတပ်မြို့အရပ်ဖက် အဖွဲ့အစည်းများထုတ်ပြန်

NLD ဗဟိုပါတီသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များတွင် စွက်ဖက် မထီမဲ့မြင်ပြုကြောင်းမင်းတပ်မြို့အရပ်ဖက် အဖွဲ့အစည်းများထုတ်ပြန်

အဲန်အယ်ဒီ ပါတီဗဟိုမှ ချင်းလွှတ်တော်ဒု - ဥက္ကဌကို ကိုတာဝန်မှ ရပ်နားရန်ဆောင်ရွက်မှုမှာ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်များကို ပါဝင်စွက်ဖက် မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း မင်းတပ်မြို့ အရပ်ဖက်အဖွဲ့အစည်းများမှ မနေ့ ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

လွှတ်တော်ဒု - ဥက္ကဌအနေဖြင့် ကျူးလွန်သည့် ပြစ်မှု(သို့) တာဝန်လစ်ဟင်းမှု ရှိခဲ့လျှင် သက်ဆိုင်ရာအစိုးရ၊ သက်ဆိုင်ရာ လွှတ်တော်အနေဖြင့်သာ တာဝန်မှရပ်ဆိုင်းသည့် ဆောင်ရွက်ချက်များ ပြုလုပ်ရမည်ဖြစ်ပြီး ထို့သို့ ပါတီဗဟိုမှ ဝင်ရောက်စွက်ဖက်မှုသည် အဓိက မဏ္ဍိုင်များကို ပါတီမှ မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင်ပါဝင်သည့် Third Eye အဖွဲ့မှ ဒါရိုက်တာ ဆလိုင်းမာန်အွမ်က “ ဦးအောင်သန်းဖက်က မှားယွင်းတာမျိုးဆိုရင် သူ့ရဲ့မဲဆန္ဒရှင်ဖြစ်တဲ့ ကျွန်တော်တို့က သတင်းသိရှိခွင့်ရှိရမှာ။ ဘာမှားသလဲဆိုတာကို ပြည်သူဆီချပြရမှာ။ တကယ်သူ့ဖက်က မှားတယ်ဆိုရင်တောင် သက်ဆိုင်ရာအစိုးရနဲ့ သက်ဆိုင်ရာလွှတ်တော်ကပဲ ဆုံးဖြတ်ချက်ချရမယ့်အရာဖြစ်တယ်။ အခုဟာက ပါတီဗဟိုကော်မတီဝင်က နှုတ်ထွက်ခိုင်းတယ်ဆိုတာမျိုးက ကျွန်တော်တို့မဲဆန္ဒရှင်တွေကို နားရွက်တံတွေးစွတ်တာနဲ့တူနေတယ်။ သူတို့လုပ်ရပ်က မဲဆန္ဒနယ်ပြည်သူတွေကို မထီမဲ့မြင်ပြုတာနဲ့တူတယ်” ဟုပြောသည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ပြည်သူရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်အား မဲဆန္ဒရှင်ပြည်သူများ၏ သဘောထားဆန္ဒမပါသည့်အပြင် သက်ဆိုင်ရာအာဏာရအစိုးရနှင့် လွှတ်တော်တို့မှ တာဝန်ရပ်ဆိုင်းခြင်းမျိုးမဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် လွှတ်တော်ဒုဥက္ကဌအား တာဝန်မှရပ်ဆိုင်းရန် ဆောင်ရွက်ချက်အပေါ် မင်းတပ်မြို့အရပ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်းပါရှိသည်။

ဦးမာန်အွမ်က “ဦးအောင်သန်းအနေနဲ့ တကယ်ပြစ်မှုရှိတယ်ဆိုရင် သူက NLD ပါတီကပဲဖြစ်ချင်ဖြစ်နေပါစေ၊ ဘယ်လူလူမျိုးပဲဖြစ်နေပါစေ၊ သက်ဆိုင်ရာအစိုးရ သက်ဆိုင်ရာလွှတ်တော်ကို ကျော်လွန်ပြီး ပါတီအနေနဲ့ စွက်ဖက်တာတွေ သြဇာကြီးလို့ သြဇာသုံးတာတွေ ပါဝါပြတာတွေမလုပ်ပါနဲ့ ။ သူတကယ်အပြစ်ရှိရင် အရေးယူပါ

ဒါကိုဘဲကျွန်တော်တို့ကတောင်းဆိုချင်တယ်” ဟုပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဒု - ဥက္ကဌကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့စွဲဖြင့် အဲန်အယ်ဒီပါတီ ဒုဥက္ကဌ - ၂ ဒေါက်တာ ဇော်မြင့်မောင်မှ လက်မှတ်ရေးထိုးကာ တာဝန်မှ အနားယူရန် နောက်ဆုံးအသိပေးသည့်စာ ပေးပို့ခဲ့သည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...