သံတောင်ရွာရဲမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို AA လက်နက်ကိုင်များမှဖမ်းဆီး

သံတောင်ရွာရဲမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို AA လက်နက်ကိုင်များမှဖမ်းဆီး

ချင်းပြည်နယ် ပလက်ဝမြို့နယ် သံတောင်ကျေးရွာ သံတောင်ရဲစခန်းကို ရက္ခိုင့်တပ်မတော် (AA) မှ ဝင်ရောက်တိုက်ခိုက်ပြီး ချင်းတိုင်းရင်းသား ရဲစခန်းမှူး ဆလိုင်းဘီးဗာ နှင့် အုပ်ချုပ်ရေးမှူးဦးချာဟော် တို့ကို ဒီမနက်တွင် AAတပ်မှ ဖမ်းဆီးသွားကြောင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့မှ ဦးအိုက်လင်းက ပြောသည်။

AA လက်နက်ကိုင်အဖွဲ့ အင်အား (၅၀) ခန့်မှ နံနက် (၄း၃၀)နာရီအချိန်တွင် ဖမ်းဆီးသွား ခြင်းဖြစ်ပြီး မနက် ရှစ်နာရီ အချိန်ခန့်တွင်လည်း AA လက်နက်ကိုင်အဖွဲ့မှ ထပ်ပြီး စခန်းကိုပစ်ခက်ခဲ့ရာ နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့မှ ဦးအိုက်လင်းက “ဒီမနက်မှာဘဲ AA တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်တဲ့။ ကျွန်တော်တို့ချင်းလူမျိုးဘဲ ရဲစခန်းမှူး ဆလိုင်းဘီးဗာ (Salai Bie Va) နဲ့ အုပ်ချုပ်ရေးမှူးဦးချားဟော် သူတို့ကိုဖမ်းသွားတယ်လို့ ကျွန်တော်ကို သံတောင်ဖက်မှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီး တစ်ဦးကကျွန်တော်ကိုပြောတယ်”ဟုပြောသည်။

သူကဆက်ပြီး “ကျွန်တော်တို့ ပြည်သူတစ်ယောက် အနေနဲ့ စစ်တပ်ရဲ့လုံခြုံရေးက ဘယ်လိုရှိလဲ။ လုံခြုံမှုက ပြည်သူရဲ့စားဝတ်နေရေးအိုးအိမ် တွေအတွက် လုံခြုံမှုပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဓိကတော့ ဒီလုံခြုံမှုအတွက်ဘဲ စိုးရိမ်နေတာပေါ့။ တိုက်ပွဲတွေက နေရာတိုင်းမှာလိုလို ဖြစ်နေတော့ ပလက်ဝမြို့နယ်ဖက်မှာဆိုရင် တပ်မတော်ဖက်ကနေလည်း လုံခြုံမှုပေးတယ် ဆိုပေမယ့် ကျွန်တော်တို့ဖက်ကတော့ အမြဲကြောက်နေတယ်။ ပြည်သူတိုင်းက သွားလာတာကစ အကုန်လုံး ကြောက်နေရတဲ့ အခြေအနေဖြစ်နေတယ်။အဓိကကြောက်နေရတာက သေနတ်ကျည်ဆံတွေကို ကြောက်တာမျိုးမဟုတ်ဘဲ မိုင်းထောင်တာတွေက အခုခေတ်စားနေတော့ အဲတာကိုကြောက်နေရတယ်”ဟုပြောသည်။

ထပ်ပြီး မနက်ကိုးနာရီ အချိန်မှစပြီး သံတောင်ကျေးရွာတစ်ဖက်ကမ်း၊ ဝတ်ချောင်းကျေးရွာနှင့် မနီးမဝေးနေရာ ငါးမိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ကြပြီး ယခုအချိန်တွင် သံတောင်ရွာ ပြည်သူလူထုသည် အစုလိုက်ထွတ်တိမ်းရှောင် နေကြရသည်ဟုလည်းသိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် တို့အကြား စစ်ပွဲများကြောင့် ပလက်ဝမြို့နယ် ကျေးရွာအချို့ရှိပြည်သူများ နေရပ်ကိုစွန့်ခွာပြီး မြန်မာနယ်စပ်ဖြစ်သော မီဇိုရမ်ဖက်တွင် ထွက်ပြေးတိမ်းရှောင်သူ အများအပြားရှိခဲ့သည်။ ယနေ့အချိန်အထိ စစ်ဘေးတိမ်းရှောင်သူ များအနက် နေရပ်ပြန်မရောက်နိုင်သေးသူ ၃၅ ရာခိုင်နှုန်းကျော်ရှိနေသေးကြောင်းလည်း ထွေ/အုပ် ဌာနမှ ထုတ်ပြန်သည့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူစရင်းအရသိရှိရပါသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...