ချင်းလူမျိုးများအား ရာဇဝတ်သားဖြစ်စေမည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်းဥပဒေ ခေါင်းစဉ်တပ်၍ ချင်းပြည်နယ်တွင်း စီမံကိန်းမလုပ်ရန် CLAN အဖွဲ့ထုတ်ပြန်

ချင်းလူမျိုးများအား ရာဇဝတ်သားဖြစ်စေမည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်းဥပဒေ ခေါင်းစဉ်တပ်၍ ချင်းပြည်နယ်တွင်း စီမံကိန်းမလုပ်ရန် CLAN အဖွဲ့ထုတ်ပြန်

ချင်းပြည်နယ်တွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် တိုင်းရင်းသားတို့၏ မြေယာကိုလုယက်ရန်နှင့် မှုလပိုင်ရှင် ချင်းလူမျိုးတို့အား ရာဇဝတ်သားဖြစ်သွားစေမည့် ဥပဒေဖြစ်သောကြောင့် မြေလွတ်၊မြေလပ် မြေရိုင်းခေါင်းစဉ်တပ်၍ မြေသိမ်းခြင်း စီမံကိန်းကြီးများကို လာရောက်လုပ်ကိုင်ခြင်းများကို လုံးဝရပ်တန့်ရန် ချင်းမြေယာဆိုင်ရာကွန်ယက်(CLAN)မှ ၁၃ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

ချင်းမြေယာဆိုင်ရာ ကွန်ယက် မှ ကိုလျှန်ဘွဲက “ချင်းပြည်နယ်မှာ မြေလွတ်၊မြေလပ်၊မြေရိုင်း မရှိဘူးဆိုတာ ပြောချင်လို့သဘောထား ထုတ်ပြန်ရတာဖြစ်တယ်။ ပြီးခဲ့တုန်းက လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးရဲ့ပြောကြားချက်အရ ဘိုးဘွားပိုင် မြေလွတ်၊မြေလပ် မရှိဘူးဆိုပြီး ပြောကြားတဲ့အပေါ်မှာ ရှုတ်ချကန့်ကွက်တယ်။ ချင်းပြည်နယ်မှာ ဘိုးဘွားပိုင်ဆိုတာရှိတယ်။”ဟုပြောသည်။

သူကဆက်ပြီး “မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ၂၀၁၇ ခုနှစ်မှာပြဌာန်းတယ်။ အခု၂၀၁၈ မှာဥပဒေကို ပြန်လည်ပြင်ဆင်ပြီး မက်လ(၁၁) ရက်နေ့မှာ အတည်ပြုဖို့ရှိတယ်။ အဲဒီဟာကို အစိုးရနဲ့ ဌာနဆိုင်ရာအကြီၤးအကဲတွေ ဥပဒေပြဌာန်းချက်တွေကို တင်ပြသွားမယ်။ နောက်ပြီးချင်းပြည်နယ်မှာ ရှိတဲ့ပြည်သူလူထုတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးဖို့တွေရှိတယ်။ လှုပ်ရှားမှုတွေပြန်လည် စတင်မှာဖြစ်တယ်။”ဟု ပြောသည်။

ချင်းမြေယာဆိုင်ရာကွန်ရက် (CLAN) ၏ မြေလွတ်၊မြေလပ်၊မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ၂၀၁၈ လေ့လာသုံးသပ်ခြင်းနှင့် အလုပ်အမှုဆောင်များဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ရက်မှ ၁၃ ရက်အထိ ကလေးမြို့တွင် ချင်းပြည်နယ် (၉)မြို့နယ်မှ ချင်းမြေယာဆိုင်ရာ ကွန်ယက်၏ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ပြီး ပြည်သူတို့၏ ရင်ဆိုင်ရမည့်အန္တရယ်တို့ကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး သဘောထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ချင်းလူမျိုးများတွင်ရှိသော သဘာဝသံယံဇာတ များကိုချင်းလူမျိုးများ အတွက်သာဖြစ်ပြီး ၎င်းကို ဆန့်ကျင်ပြီး အလွဲသုံးစားလုပ်သော စီမံကိန်းများကိုလည်း လုံးဝမလိုလားကြောင်း နှင့် တစ်နိုင်ငံလုံးတွင် ရှိသော လှုပ်ရှားမှုများကိုလည်း ချင်းအမျိုးသားနေ့မတိုင်မီ ချိတ်ဆက်ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းအမျိုးသားနေ့တွင် ပိုစတာများကိုလည်း တင်ဖို့ရှိကြောင်း ဦးလျှန်ဘွဲကပြောသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...