ပလက်ဝတိုက်ပွဲများကြောင့် ကုလားတန်ဘက်စုံစီမံကိန်းအတွက် လမ်းဖောက်လုပ်နေမှုတွင် လမ်းပိုင်းတစ်ချို့ ရပ်နားထားရဟုဆို

ပလက်ဝတိုက်ပွဲများကြောင့် ကုလားတန်ဘက်စုံစီမံကိန်းအတွက် လမ်းဖောက်လုပ်နေမှုတွင် လမ်းပိုင်းတစ်ချို့ ရပ်နားထားရဟုဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း AA ရက္ခိုင့်တပ် နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုလားတန်ဘက်စုံစီမံကိန်းအတွက် လမ်းဖောက်လုပ်နေမှုတွင် လမ်းပိုင်းတစ်ချို့ ရပ်နားထားရကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။

“ကီလိုမီတာ အမှတ် သုညကနေ လေးဆယ့်သုံးထိက လုပ်ငန်းခွင်မပြတ်လုပ်နေတယ်၊ လေးသုံးကနေ တစ်ရာ့ကိုးကီလိုထိ သွားဖို့ကိစ္စမှာ အဲဒီနားက နယ်မြေမအေးချမ်းသေးတဲ့အတွက်လုပ်လို့မရတဲ့အနေအထားပါ၊ လုပ်လို့ရသလောက်လုပ်နေတာကြောင့် လုံးဝရပ်သွားတာတော့မဟုတ်ဘူး အပေါ်ကို ရှေ့တိုးလို့မရတာပါ၊ ဘယ်ချိန်ထိရပ်မလည်းတော့မသိရသေးဘူး၊ အေအေနဲ့ တပ်မတော်နဲ့က စစ်ဖြစ်နေတာဆိုတော့ အတိအကျပြောလို့မရသေးဘူး”ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း ဖောက်လုပ်နေသည့် အဆိုပါလမ်းမှာ ပလက်ဝဆိပ်ကမ်းမှာ အိန္ဒိယနိုင်ငံ မိဇိုရမ်နယ်စပ် ဇိုရင်ပူတို့ကို ဆက်သွယ်ပေးမည်ဖြစ်ပြီး လမ်းအရှည် ၁၀၉ကိလိုမီတာ ရှည်လျားကြောင်းသိရသည်။

အဆိုပါလမ်းပိုင်းတွင်ပါဝင်သည့် ကုလားတန်မြစ်ကူးတံတား ပလက်၀ တည်ဆောက်မှု အခြေအနေနဲ့ ပတ်သတ်ပြီး စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “တံတားက ၅၇ရာခိုင်နှုန်း ပြီးနေပါပီ၊ အဲဒီတံတားကို ၂၀၂၀ ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီ ၂၀မှာ ဖွင့်နိုင်ဖို့ ရည်မှန်းထားပါတယ်၊ ဘတ်ဂျက်ရရင် ၂၀၁၉ ဒီဇင်ဘာနှောင်းပိုင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဖြေကြားခဲ့သည်။

ကုလားတန် ဘက်စုံစီမံကိန်းအတွက် မူဘောင်သဘောတူညီချက်ကို ၂၀၀၈ခုနှစ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါစီမံကိန်းတွင် ပင်လယ်ရေကြောင်း၊ မြစ်ကြောင်းနှင့် ကားလမ်းများ ပေါင်းစည်းပြီး ကုလားတန်နဲ့ အိန္ဒိယအရှေ့ပိုင်းရှိ ဆိပ်ကမ်းများကို ရခိုင်နှင့် ချင်းပြည်နယ်မှ တစ်ဆင့် မီဇိုရမ်နှင့် ဆက်သွယ်ပေးဖို့ ပါဝင်ကြောင်းသိရသည်။

မြန်မာအစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့မှာ ၂၀၁၅ခုနှစ်ခန့်မှ စတင်ကာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးနေရကြောင်း သိရသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...