ကလေး အခွင့်အရေးဆိုင်ရာ ၁ပတ် သင်တန်း ဟူးကောင်းဒေသမှာ ပြုလုပ်

ကလေး အခွင့်အရေးဆိုင်ရာ ၁ပတ် သင်တန်း ဟူးကောင်းဒေသမှာ ပြုလုပ်

ဟူးကောင်း ချိုင့်ဝှမ်း ဒေသခံများကို ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ Backpack မှ ကလေး သူငယ်နှင့်ဆိုင်သော အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၁၁) ရက်နေ့မှ (၁၈) ရက်နေ့ထိ ပြုလုပ်ပေးခဲ့သည်။

လီဒိုလမ်းမ ကျေးရွာ (၅)ရွာမှ ပြည်သူများကို ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဟောပြောပွဲ ကို Backpack မှ စီစဉ် လုပ်ဆောင်ပေးခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဓိက ရည်ရွယ်တာက ကလေးသူငယ်နဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးကို ပြည်သူတွေ နားလည်အောင် ပြုလုပ်တာပါ” ဟု Backpack အဖွဲ့ ခေါင်းဆောင်တစ်ဦး Lahpai Hkun Seng မှ ပြောပါသည်။

ကျေးလက်တောရွာများတွင် ယခုလို ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့် ပြည်သူများ အပေါ် များစွာ အကျိုးရှိပြီး သူငယ်များအတွက် မည်သို့သောအခွင့်အရေး ရှိသည်ကို နားလည် သဘော ပေါက်လာကြောင်းကို ဒေသခံ ဦး Tang Gun က ယခုလို ပြောသည်။

“ဒီလို ပြုလုပ်ပေးတာဟာ ကျနော်တို့ အတွက် ကောင်းပါတယ်။ ကိုယ့် ကလေးတွေ အတွက် ဒီလို အခွင့်အရေး တွေ ရှိနေပါလား ဆိုပြီး သိလာတယ်။ ဒါက တကယ်ကို သိထားသင့်တဲ့ အကြောင်းတွေပါ။”

တစ်ပတ်သာအတွင်း Wa Ra Zup၊ Shahtu Zup၊ Sanpya၊ Kawng Ra၊ Nawng Mi စသည့် ကျေးရွာများတွင် ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။

ကချင် Backpack သည် ကချင်ပြည်နယ်အတွင်း အဓိက ကျေးလက်နေ ပြည်သူများ၏ ကျန်းမားရေးကို စောင့်ရှောက်ပေးနေသော အစိုးရမဟုတ်သော နယ်လှည့်ကျန်းမာရေးအဖွဲ့ ဖြစ်သည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...