မိုင်းနား RC စစ်ရှောင်စခန်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ပျံ့ပွားနေ

မိုင်းနား RC စစ်ရှောင်စခန်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ပျံ့ပွားနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနား စိန်ဂျိုးဇက် ကတ်သလစ် RC စစ်ရှောင်စခန်းတွင် သောက်သုံးရေနှင့် အိမ်သာ မသန့်ရှင်းမှုများကြောင့် စစ်ရှောင်များ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ခံစားနေရကြောင်း စခန်းတာဝန်ရှိသူများ ပြောပါသည်။

မိုးတွင်း မသန့်ရှင်းသောရေအိုင်များမှ ရေများသည် သောက်သုံးရေ အဖြစ် အသုံးပြုနေသော ရေတွင်းများသို့ စိမ့်ဝင်မှုကြောင့် ဝမ်းရောဂါ ခံစားနေခြင်း ဖြစ်နိုင်ကြောင်း စခန်းတွဲဖက် တာဝန်ခံ ဒေါ် လဇွမ့်ဇေနော ယခုလို ပြောသည်။

“မိုးက ဒီအတောအတွင်းမှာ ဆက်တိုက်ရွာနေတော့ အဲ့ဒီ မိုးရေတွေက မြေအောက်ထဲ ပြန်စိမ့်ဝင်ပြီး အခု သုံးနေတဲ့ ရေကန်တွင်မှာလဲ ပါနိုင်ပါတယ်။ ပြီးတော့ ခုဒီစခန်းမှာ စစ်ရှောင်ဦးရေ ဟိုတလောက ပြန်ထပ်တိုးရောက်လာတယ်လေ။ ဆိုတော့ အိမ်သာကလည်း လုံလုံ လောက်လောက် မရှိ။ နေတာကလဲ အားလုံးစုပြုံ ပြီးနေတာ။ အိမ်သာကလဲ အားလုံးပေါင်းပြီး သုံးရတယ်။ သန့်ရှင်းမှု ကောင်းကောင်း မလုပ်လို့လည်း ဖြစ်မယ်။”

Mung Na (မိုင်းနား) ကတ်သလစ် စစ်ရှောင်စခန်းတွင် လက်ရှိ လူဦးရေ ၁၈၄၀ ဦး ရှိနေပြီး ယခင်နှစ် မိုးတွင်းကာလ ထက် ယခုနှစ် မိုးတွင်း ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားသူ ပိုများနေကြောင်း သိရသည်။

ဝမ်းပျက် ဝမ်းလျှော ဝေဒနာရှင်အချို့သည် စစ်ရှောင်စခန်းရှိ ဆေးခန်းတွင် ကုသမှု ခံယူပြီး အချို့မှာ အပြင်ဆေးခန်းများတွင် ကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

လက်ရှိ စခန်းရှိ ဆေးခန်းတွင် တစ်ရက်လျှင် လူနာအရေအတွက် ကလေး၊ လူကြီး အားလုံး ပျှမ်းမျှ ၅၀-၆၀ ခန့် လာရောက် ကုသခံယူနေကြကြောင်း အဆိုပါ စခန်းမှ ကျန်းမာရေး တာဝန်ခံ ဆရာမ ဒေါ်ခင်မာမိုး ပြောပြသည်။

“အခုဒီဆေးခန်းမှာ ကုသပေးနေတာကတော့ တစ်ရက်ကိုကလေးရော၊ လူကြီးရော အရေအတွက် ကတော့ ပျှမ်းမျှ အယောက် ၅၀ ကျော် ၆၀ ခန့် ရှိတယ်၊ ကျွန်မတို့က ဒီဆေးခန်းမှာ နေ့ ဘဲ ရှိကြတယ်၊ တစ်ခါတလေကတော့ မိုးချုပ်ထိ နေရပါတယ်၊ နောက်ပိုင်း ညတွေမှာ ဖြစ်ကြတာတော့ အပြင်ဆေးခန်းတွေကို သွားပြ ပါတယ်၊ အပြင်ဆေးခန်းတွေက လူနာတွေလဲ ဒီမှာပြန်ပြီး ကုသပေးပါတယ်။”

အဆိုပါ စစ်ရှောင်စခန်းရှိ ဝမ်းပျက်၊ ဝမ်းလျှောနှင့် အခြားသော ရောဂါဝေသနာရှင်များ၏ ကျန်းမားရေး စောင့်လျှောက်မှုများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ (၂)ဦးဖြင့် ဆေးကုသပေးခြင်း အပြင် သောက်သုံးရေကန်များတွင် ဂလိုရင်း (chlorine) ခတ်ပေးခြင်းတို့ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

 

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...