မွန်အကျဉ်းထောင်မှ အကျဉ်းသား ၉၂ ဦး လွတ်မြောက်

မွန်အကျဉ်းထောင်မှ အကျဉ်းသား ၉၂ ဦး လွတ်မြောက်
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ

စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး မွန်ပြည်နယ် အကျဉ်းထောင်၊ အချုပ်စခန်းများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူဦးရေ ၉၂ ဦးရှိကြောင်း မွန်ပြည်နယ်အကျဉ်းထောင် ဦးစီမှုးရုံး အချက်လက်များအရ သိရသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၁၃ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ ၂၃ ဦး၊ သထုံအကျဉ်းထောင်မှ ၈ ဦး၊ အင်္ဂဘိုရာဘာစခန်းမှ ၈ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ၉ ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ၁ ဦး၊ အင်းဗြောင် ကုန်ထုတ်စခန်းမှ ၁ ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ ၆ ဦး၊ မုပ္ပလင် ကုန်ထုတ်စခန်း ၂ ခုမှ ၉ ဦး စုစုပေါင်း ပြန်လည်လွတ်မြောက်သူ ၉၂ ဦးရှိကြောင်းသိရသည်။

လွတ်ငြိမ်းခွင့်ပြုထားသူ ၉၂ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိ IMNA မှ ဆက်လက်အတည်ပြု နေဆဲဖြစ်သည်။

ကဆုန်လပြည့်နေ့တွင် အကျဉ်းသား၊ သူစုစုပေါင်း ၁၅၀၈ ဦးကို စစ်ကော်မရှင်မှ လွတ်ငြိမ်းခွင့်ပြုထားသည့်အပြင် ထောင်ဒဏ်ကျခံနေရသူအားလုံးကို ကျန်ရှိသော ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ခွင့်ပြုထားသည်။

သို့သော် ၎င်းတို့အနေဖြင့် " နောက်တစ်ကြိမ်ပစ်မှုကျူးလွန်ပါက ယခုကျန်ရှိသော ပြစ်ဒဏ်များကိုပါ ပေါင်း၍ ကျခံရမည်"ဟူသော ကန့်သတ်ချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်။

ယခုလွတ်ငြိမ်းခွင့်အမိန့်အပါအဝင် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်မှ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ၄ ကြိမ်ကြေညာခဲ့သော်လည်း မြေပြင်ပြန်လည်လွတ်မြောက်လာသူ အရေအတွက် မတူညီသဖြင့် ကိန်းဂဏန်းအရ လှည့်ဖြားနေခြင်းသာဖြစ်သည်ဟုလည်း အကျဉ်းသားများအရေး စောင့်ကြည့်နေသူများက သုံးသပ်လျက်ရှိသည်။

Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...