အလန်ဂါးရွာအဝင် ထီခချောင်းပျောက်ကွယ်လုနီးပါးအထိ ရွှေတူးဖော်နေ

အလန်ဂါးရွာအဝင် ထီခချောင်းပျောက်ကွယ်လုနီးပါးအထိ ရွှေတူးဖော်နေ

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က ထီခချောင်းမှာရွှေအလွန်အကျွံတူးဖော်မှုကြောင့် ချောင်းပျောက်ကွယ်လုနီးပါးအထိဖြစ်နေပြီလို့ ဒေသခံတွေပြောပါတယ်။

အလန်ဂါးကျေးရွာနဲ့ တစ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ထီခ ချောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ ၂ နှစ်ကျော်ကြာရွှေတူးဖော်မှုတွေ ဆိုးဆိုးဝါးဝါးလုပ်နေတာကြောင့်  ချောင်းရေပျောက်ကွယ်လုဆဲဆဲ ဖြစ်နေကြောင်း အလန်ဂါးကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“ချောင်းအထက်ဘက်မှာပိုတူးကြတယ် ချောင်းအောက်ဘက်မှာလည်း တူးကြတယ် ဘတ်ဖိုးတွေ၊ မှုန်စက်ကြီးတွေနဲ့တူးနေတာ ၂၀၂၄ ကတည်းကနေတူးတာအခုအထိတူးနေကြတုန်ကြားမှာ နားလိုက်တူးလိုက်ပေါ့ ချောင်းကအခုရေတောင်မှ ရွံ့နွံတွေဖြစ်ကုန်ပြီရေကအရင်လိုမစီးတော့ဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

လက်ရှိမှာတော့ မချမ်းဘော့–အလန်ဂါးကားလမ်းပိုင်းရှိ ထီခချောင်းကူးတံတားရဲ့အထက်ဘက်နဲ့ အောက်ဘက်တွေမှာ တူးဖော်နေကြပြီး ဘတ်ဖိုး ဆယ်စီးထက်မနည်းရှိကြောင်းသိရပါတယ်။

“စတူးတုန်းက ဘတ်ဖိုးတွေ ဆယ်စီးမကဘူး အစီး နှစ်ဆယ် သုံးဆယ်လောက်ကိုရှိတာ အခုတော့ နည်းသွားပြီ ဆယ်စီးလောက်ပဲရှိမယ် အထက်ဘက်မှာပိုများတယ် သူတို့ရွှေတူးနေလို့ပေါ့ထီခ ချောင်းကသုံးလို့မရဘူး ရေတွေက တချိန်လုံးနှောက်နေတာ”လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ထီခချောင်းရွှေတူးဖော်မှုကို အဓိက အားဖြင့် ပူတာအိုမြို့ပေါ်နဲ့ မချမ်းဘော့မြို့ထဲက လုပ်ငန်းရှင်တွေက အဓိကတူးဖော်နေကြတာလို့သိရပြီး အလန်ဂါးရွာခံလုပ်ငန်းရှင်တချို့လည်းပါတယ်လို့သိရပါတယ်။

ထီခ ချောင်းမှာအခုလိုရွှေအလွန်အကျွံတူးဖော်လိုက်တာကြောင့် ဒေသခံတွေအတွက်ထိခိုက်နစ်နာမှုတွေလည်းရှိနေကြောင်းဒေသခံတွေကဆိုပါတယ်။

“ရွာနဲ့ဝေးတော့ သောက်ရေ၊သုံးရေလုပ်တာတော့မရှိဘူး ဒါပေမယ့် ဒေသခံတွေ အမြဲတမ်းငါးရှာစားနေတဲ့ချောင်းဟုတ် ဟင်းစားက အဲ့ကပဲရှာစားနေကြတာ အခုရွှေတူးလိုက်တော့ရေက နှောက်နှောက်ကြီး ဆယ့်နှစ်ရာသီငါးရှာစားလို့မရတော့ဘူး ချောင်းရေက သုံးမရတော့တာ”လို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိရွှေတူးဖော်နေတဲ့ အလန်ဂါးကျေးရွာနဲ့ထီခချောင်းဟာ စစ်ကောင်စီရဲ့ မချမ်းဘော့အထိုင်တပ်ထိန်းချုပ်နယ်မြေထဲရှိပြီး ဦးတန်ဂူးတန်ပြည်သူ့စစ်တပ်ဖွဲ့တွေ လှုပ်ရှားလျက်ရှိတဲ့နေရာလို့လည်းသိရပါတယ်။

ဒေသခံတွေပြောပြချက်အရ အဲ့ဒီရွှေတူးဖော်မှုကို အလန်ဂါးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်တွေခွင့်ပြုထားတာဖြစ်တယ်လိုပြောဆိုကြပေမယ့် KNG က သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

အလန်ဂါးကျေးရွာဘက်မှာတော့ ထီခချောင်းမှာရွှေတူးဖော်နေတဲ့အပြင် ကျေးရွာပတ်ပတ်လည်က သစ်တောတွေနဲ့ ဒေသခံတွေရဲ့လယ်ယာမြေတွေအထိ ရွှေတူးဖော်မှုတွေရှိလာနေကြောင်း သိရပါတယ်။

ပူတာအိုနဲ့မချမ်းဘော့မြို့နယ်တွေဟာ စစ်အာဏာမသိမ်းမှီက လက်လုပ်လက်စားရွှေတူးဖော်မှုအဆင့်သာရှိခဲ့ပေမယ့် စစ်အာဏာ သိမ်းနောက်ပိုင်းမှာတော့ မြစ်ချောင်း အင်းအိုင်တွေနဲ့ လယ်ယာမြေတွေ ကျေးရွာဧရိယာတွေထဲအထိ စက်ယန္တရားကြီးတွေနဲ့ရွှေတူးဖော်လာနေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်းပူတာအိုဒေသထဲက ဆိုးဆိုးဝါးဝါး ရွှေတူးဖော်နေတဲ့နေရာတွေဟာ မကပ်မုံ၊နာမ့်စဘွမ်၊ နာမ့်ခမ်းစတဲ့ကျေးရွာတွေနဲ့ မလိခ မြစ်ကြောင်းတစ်လျှောက်တွေမှာအဆိုးဝါးဆုံးလိူ့သိရပါတယ်။

အလန်ဂါးကျေးရွာဟာ မချမ်းဘော့ နောင်မွန်ကားလမ်းပိုင်းမှာရှိတည်တာဖြစ်ပါတယ်။

Zaw Zaw

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...