ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ Y 12 အမျိုးစား ရဟတ်ယာဉ်နဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။

“တိုက်ပွဲမဖြစ်ပါဘူး။ ပစ်ခတ်တာလည်းမရှိပါဘူး။ အဲ့နား KIA ဂိတ်ကို ချတာ ထင်တယ်။ ဒါပေမဲ့ တခြားနေရာကို ကျသွားတယ်။ ဘာမှတော့ ထိခိုက်မှုမရှိလိုက်ဘူး။ ဒီလေကြောင်းတိုက်ခိုက်တဲ့နေရာနားမှာ လမ်းထိပ်မှာ ကားဝပ်ရှော့ပဲရှိတယ် ဘာမှမရှိဘူး။ အရပ်သားတွေပဲရှိတာဟုတ်တယ်”လို့ ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ လူနေထိုင်တာ မရှိတဲ့ လမ်းမကြီးတစ်ခုရဲ့ တစ်ဖက်ကမ်းကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အပါအဝင် အရပ်သားတွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့ရတဲ့ ဆဒုံးမြို့မှာ နှစ်ဖက် လက်နက်ကိုင်တပ်တွေအကြား ထိတွေ့တိုက်ပွဲလည်း မရှိသလို၊ ပစ်ခတ်သံတွေလည်း မကြားရပေမဲ့ ရုတ်တရက် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေကတော့ ထိတ်လန့်ခဲ့ရတယ်လို့ ပြောပါတယ်။

“အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီက သူ့ဘက်မှာ မရှိတဲ့သူ အားလုံးကို သူ့ရဲ့ ရန်သူလို သတ်မှတ်ပြီးတော့ကို တိုက်ခိုက်တာဖြစ်တယ်လို့ မြင်ရတယ်။ ထူးထူးခြားခြား ဒီဘက်ကို ဗုံးလာကြဲရလောက်တဲ့အထိ အကြောင်းလည်းမရှိပါဘူး”လို့ အထက်ပါဒေသခံက ဆဒုံးမြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကဆိုရင် စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်းနဲ့ တောင်ကုန်းနေရာတွေကို ပစ်မှတ်ထားပြီး လေယာဉ် ၄ ကြိမ်ထက်မနည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အရပ်သားတွေအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူအပါအဝင် အရပ်သား စုစုပေါင်း ၇၄၆၄ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

February 6, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့...
Photo-မြစ်ကြီးနား၊ ပူတာအိုကားလမ်းပိုင်း
February 5, 2026
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး...
February 4, 2026
ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက်...
မြစ်ကြီးနားမြို့တွင်း ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့မြင်ကွင်းတစ်နေရာ။
February 3, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှု ၃၁ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသမီး ၂...