တရုတ်ပညာရှင်အပါအဝင် စစ်အုပ်စုအဖွဲ့ မြစ်ဆုံစီမံကိန်းနေရာသို့ သွားရောက်ကွင်းဆင်း

တရုတ်ပညာရှင်အပါအဝင် စစ်အုပ်စုအဖွဲ့ မြစ်ဆုံစီမံကိန်းနေရာသို့ သွားရောက်ကွင်းဆင်း
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG

ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား ပညာရှင်တစ်ဦး အပါအဝင် ကချင်ပြည် စစ်အုပ်စုအဖွဲ့ဝင်အချို့ ဩဂုတ်လ ၃၀ ရက်က လာရောက်ကွင်းဆင်း လေ့လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့ဝင်အချို့သည် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးနှင့်အတူ ရဲ၊ စစ်အုပ်စုတပ်၊ စည်ပင်အဖွဲ့ဝင်များနှင့် Jade Land မှ တာဝန်ရှိသူအချို့ အပါအဝင် လူ ၁၀ ဦးခန့် လာရောက် ခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံဒေသခံ အမျိုးသားတစ်ဦးက “အဓိကတော့ တရုတ်က ပညာရှင်တစ်ဦးပါတယ်။ စည်ပင်အဖွဲ့နဲ့ ရဲ၊ စစ်တပ်တို့ဟုတ်တယ်။ ဝန်ကြီးချုပ်ခက်ထိန်နန်တော့ မပါဘူး။ Jade Land က တာဝန်ခံတချို့လည်းပါတယ်၊ ၁၀ ယောက်လောက် မြစ်ဆုံ တန်ဖရဲဘုရားကျောင်းဝင်းထဲ ထိုင်စကားပြောကြပြီး အားလုံးပြန်ဆင်းသွားတယ်” ဟု ပြောသည်။

အဆိုပါအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် တန်ဖရဲကျေးရွာရှိ ဗျူဟာမှူးနှင့် စရဖ တပ်ဖွဲ့ဝင်များ ထိုင်ထားသည့် နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ခဏဝိုင်းဖွဲ့ထိုင်ကာ မြစ်ဆုံ ရေကာတာ တည်ဆောက်မည့်နေရာကို ပြထားသည့် မြေပုံကို ထုတ်ကြည့်ခဲ့ကြသည်။

ထို့နောက် မလိခမြစ်နှင့် မေခမြစ် ပေါင်းဆုံရာ မြစ်ဆုံနေရာသို့ ဆက်လက်ထွက်ခွာကာ မြေပြင်ကွင်းဆင်းကြည့်ရှု ခဲ့ကြပြီး နံနက် ၁၀ နာရီကျော်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါအဖွဲ့သည် ရဲကားနှင့် လုံခြုံရေးစစ်ကားများ အပါအဝင် ယာဉ် ၁၀ စီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ အဖွဲ့ မရောက်ရှိမီ သုံးရက်ခန့်ကတည်းက အင်အား ၂၀၀ ခန့်ရှိသည့် ရှေ့ပြေးစစ်ကြောင်းများကို မြစ်ဆုံသွားလမ်း တစ်လျှောက် လုံခြုံရေးယူပေးထားခဲ့သည်။

ထိုသို့ လာရောက်ကွင်းဆင်းသည့် အကြောင်းရင်း အသေးစိတ်ကို မသိရသေးသော်လည်း အဖွဲ့ဝင်များသည် ဒေသခံများနှင့် ထွေထွေထူးထူး တွေ့ဆုံခြင်း မရှိဘဲ စီမံကိန်းနေရာကို လာရောက်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာ သွားသည်ဟု ဆိုသည်။

မြစ်ဆုံဒေသခံက “အဓိကတော့ သူတို့က ဒီတိုင်းလာရောက်ပြီး ကွင်းဆင်းကြည့်ရှုတာ၊ လာလေ့လာတာလောက် ပဲ လုပ်သွားတဲ့အခြေအနေပဲ။ အခြားထွေထွေထူးထူး ဟောပြောပွဲတွေ မရှိဘူး။ အဲလိုပဲ Map လာဖွင့်ကြည့် တယ်။ နည်းနည်းပါးပါး လေ့လာကွင်းဆင်းကြည့်ရှုတာ။ ဘာမှတော့ မလုပ်သွားဘူး” ဟု ဆက်ပြောသည်။

စစ်အုပ်စုအဖွဲ့ မြစ်ဆုံသို့ မရောက်ရှိမီ ဩဂုတ်လ ၃၀ ရက်နေ့ဈ နံနက် ၆ နာရီခန့်ကတည်းက ဒေသခံများက “NO Myitsone Dam” စာသားပါ ကတ်ပြားများကို လမ်းဘေးနေရာများတွင် လိုက်လံကပ်ထားခဲ့ကြသည်။

လက်ရှိ ကချင်ပြည်အတွင်း မြစ်ဆုံရေကာတာစီမံကိန်း ဖြစ်မြောက်ရေးအတွက် စစ်အုပ်စုက ခန့်အပ်ထားသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင် ဦးဆောင်၍ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

တစ်ဖက်တွင်လည်း မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ မြစ်ဆုံ၌ ရေကာတာစီမံကိန်း လုံးဝဆောက်လုပ်ရန် မသင့်တော်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များက ထောက်ပြသတိပေးလျက်ရှိသည်။

စစ်အုပ်စုတပ်က ကန့်ကွက်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားသည့်ကြားမှ ကချင်ပြည်သူအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ ဆက်တိုက် ထုတ်ပြန် လျက်ရှိသည်။

စစ်အုပ်စုနှင့် သက်ဆိုင်ရာအဖွဲ့များသည် စီမံကိန်းဖြစ်မြောက်ရန် ကြိုးပမ်းနေပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင် ဇူလိုင်လဆန်းပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြစ်ဆုံအရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ရှိ မြေပြင်တွင် ဆောက်လုပ်ရေးဆိုင်ရာ သိသာထင်ရှားသည့် လှုပ်ရှားမှုများ မတွေ့ရသေးသော်လည်း တရုတ်နိုင်ငံသား ပညာရှင်ပါဝင်သည့် အဖွဲ့က မြစ်ဆုံစီမံကိန်းနေရာသို့ ပထမဆုံးအကြိမ် ကွင်းဆင်းလေ့လာခဲ့ ခြင်း ဖြစ်သည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...