ကေအဲန်ယူနယ်မြေတွင် ပညာရေးပိုင်း တိုက်ခိုက်ခံမှု ၁၆ ကြိမ် ရှိပြီး ဆရာမနှင့် ကျောင်းသား ၆ ဦးသေဆုံး

ကေအဲန်ယူနယ်မြေတွင် ပညာရေးပိုင်း တိုက်ခိုက်ခံမှု ၁၆ ကြိမ် ရှိပြီး ဆရာမနှင့် ကျောင်းသား ၆ ဦးသေဆုံး

ယခု ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည် အရှေ့တောင်ပိုင်းဒေသ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ထိန်းချုပ် နယ်မြေအတွင်း ပညာရေးအဆောက်အဦးများကို စစ်အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး ကျောင်းသား ၅ ဦးနှင့် ဆရာမတစ်ဦး သေဆုံးခဲ့သည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG) က ယနေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပညာရေးကို တိုက်ခိုက်ခြင်းမှ ကာကွယ်သည့်နေ့ဖြစ်ပြီး စစ်ပွဲ အတွင်း ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်ရမည့် အချက်အား စစ်အုပ်စုက ပြင်းပြင်းထန်ထန် ချိုးဖောက်နေမှုကို ရပ်တန့်ရန် လိုသည်ဟု KHRG ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စက်တင်ဘာလ လက်ရှိ အချိန်ထိ KHRG က ရရှိထားသည့် အချက်အလက်များ အရ စစ်အုပ်စု ပညာရေးအဆောက်အဦးများကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ၄ ကြိမ်နှင့် ပစ်ခတ်မှု ၂ ကြိမ်ရှိကာ ကျောင်းသား ၅ ဦး၊ ကျောင်းဆရာမ (၁) ဦး သေဆုံး ခဲ့သည်။

ထို့အပြင် ကျောင်းသူ၊ ကျောင်းသား ၄ ဦး ၊ ဆရာ၊ ဆရာမ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပညာရေးဆိုင်ရာ အဆောက်အအုံ ၂၁ လုံး ထိခိုက်ပျက်ဆီးသွားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“စစ်အုပ်စုက တစ်နိုင်ငံလုံးဘဲ စာသင်ကျောင်းတွေကို ပစ်ခတ် တိုက်ခိုက်တယ်။ အဲဒီ့ထဲမှာ ကရင်ပြည်နယ်လဲ ပါတယ်။ တစ်နှစ်တနှစ် အာဏာရှင်စစ်အုပ်စုက ကျမတို့ ပြည်နယ်ထဲမှာလဲ ဘယ်လောက်အထိ တိုက်ခိုက်ခဲ့တယ်။ ဆိုတာ မှတ်တမ်းတင်တယ်။ ပြီးရင် နိုင်ငံတကာကို တင်ပြပြီး စစ်အုပ်စု ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာမတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ရပ်တန့်ပေးဖို့ လှုံ့ဆော်ပေးဖို့အတွက် ဖြစ်တယ်”ဟု KHRG စည်းရုံးလှုံ့ဆော်ရေးအရာရှိ နော်ဖောလားက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက် ပစ်ခတ်မှုကြောင့် တောတွင်း၊ လှိုဏ်ဂူများ၊ ကတုတ် ကျင်းများနှင့် ယာယီတဲများကို စာသင်ခန်းအဖြစ် ပြောင်းရွေ့ စာသင်နေရပြီး ကလေးများ ပညာသင်ကြားခွင့် ရရှိရန်အတွက် အကာအကွယ်ပေးသူများ အားလုံးကို လေးစားသည်ဟု KHRG က ပြောဆိုသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ KHRG လက်လှမ်းမှီသည့် ဒေသများတွင် စစ်အုပ်စုက ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြိမ်ရေ ၅၄ ကြိမ် ထက်မနည်း ရှိပြီး ဖြစ်ကြောင်း သိရသည်။

Photo credit - KECD

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...