ကော့ကရိတ်ရှိ တပ်များသို့ စစ်တပ် အင်အားပို့ ဖြည့်တင်းနေ

ကော့ကရိတ်ရှိ တပ်များသို့ စစ်တပ် အင်အားပို့ ဖြည့်တင်းနေ
Photo credit - CJ
Photo credit - CJ

ကော့ကရိတ်-မြဝတီ အာရှလမ်းသို့ ထိုးစစ်ဆင်ရန် အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့ရှိ တပ်ရင်းများသို့ အင်အားဖြည့်တင်းနေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

စစ်တပ်က ဩဂုတ် ၂၈ နံနက် အစောပိုင်းချိန်တွင် ကော့ကရိတ် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၉၇) တပ်သို့ စစ်ကား ၄၀ စီးဝန်းကျင်ရောက်ရှိလာပြီး မြို့အနီးရှိ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် (စကခ-၁၂) သို့ စစ်ကား ၁၀ စီးခန့် ဖားအံဘက်မှ ရောက်ရှိလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနက်အစောကြီး စကစ ယာဉ်တန်းတွေ ကျုံဒိုးကနေ ဖြတ်သွားတယ်။ စကခ ၁၂ နဲ့ ကော့ကရိတ် ၉၇ တပ်ကို စစ်ကား ၅၀ ကျော်မှာ စစ်သားသစ် ၅၀၀ ဝန်းကျင် လောက်ပါတယ်။ ဒရုန်းတပ်ဖွဲ့၊ အမြောက် မစ်ဇိုင်းတပ်ဖွဲ့ တွေပါတယ်။ တပ်မ ၂၂၊ ၄၄၊ ၅၅၊ ၆၆ လက်အောက်ခံ တပ်တွေထုတ်နုတ်ပြီးစစ်ကူပို့တာလို့ သိရတယ်”ဟု စစ်တပ် အခြေအနေကို သိထားသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ကော့ကရိတ် ခလရ ၉၇ တပ်နှင့် လှိုင်ဝ အမြောက်ကုန်းတို့ဘက်မှ အာရှလမ်းသစ်နှင့် ဒေါနတောင် လမ်းဟောင်းဘက်သို့ လက်နက်ကြီး ပစ်ခတ်နေသည် ဟု ကော့ကရိတ်မြို့ အနီးဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

“၉ နာရီ ကျော်တော့ လက်နက်ကြီးထွက် သံ ကြားရတယ်၊ လှိုင်ဝကလည်း ပစ်နေတယ်။ ရန်ကုတ်ရွာဘက်မှာ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်တယ်ကြားတယ်။ အာရှလမ်းဘက်ကတော့ မြို့ထဲနဲ့ ဝေးတော့ သေနပ်ပစ်သံ မကြားရဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် အာဏာသိမ်းတပ်က တစ်နှစ်ကျော်ကြာ လက်လွှတ်ထားရသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်သိမ်းမည်ဟု ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် ပြောဆိုထားပြီး ယခု ရက် ၉၀ အတွင်း မြဝတီမြို့အရောက် ထိုးစစ်ဆင်ရန် ရည်မှန်းထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိ ဖြစ်နေ သေးသည်။

March 6, 2026
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြန်မာနိုင်ငံအတွင်း လောင်စာဆီများ အလုအယက်တိုးဝှေ့...
March 5, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF...
March 4, 2026
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန်...
March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...