မုဒုံတွင် ရွှေဆိုင်လုယက်မှုဖြစ်၊ ဆိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မုဒုံတွင် ရွှေဆိုင်လုယက်မှုဖြစ်၊ ဆိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့ ရွှေဟင်္သာဈေးရှိ “ရွှေရတနာဦး” ရွှေဆိုင် လုယက်မှုဖြစ်ပြီး ဆိုင်ပိုင်ရှင်ပါ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မုဒုံမြို့၊ မြို့မ ၄ ရက်ကွက်ရှိ ရွှေဟင်္သာဈေးရှိ “ရွှေရတနာဦး” ရွှေဆိုင်သို့ ဆိုင်ကယ်ဦးထုတ်ဆောင်းထားသည့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ရှင် အမျိုးသမီးကို ပစ္စတိုသေနတ်ပြကာ ရွှေထည်ပစ္စည်းများ လုယူရန် ကြိုးစားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ထိုအချိန်တွင် ရွှေဆိုင်ပိုင်ရှင် သမီးဖြစ်သူ၏ အဖေက ဝင်လုံးရာမှ သေနတ်သမားက အသင့်ပါလာသည့် ပစ္စတိုသေနတ်ဖြင့် သုံးချက်ခန့် ပစ်ခတ်ခဲ့ပြီး ဆိုင်အတွင်းကနေ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင် သမီးဖြစ်သူက သေနတ်ဒဏ်ရာရရှိခဲ့သလို အဖေဖြစ်သူလည်း သေနတ်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူက (သေနတ်သမား) က ဘေးဘက်ခြမ်း အထည်ဆိုင်ဘက်ကနေ ခုံတက်သွားပြီးတော့ အဲမှာ(ရွှေတွေကို) တောင်းတာ အဲမှာ သူ့သမီးကို အရင် ထုထောင်းတယ်။ သူ့သမီးလည်း ထိထားတယ်။ ပြီးတော့မှ သူ့အဖေကို နှစ်ချက် တခါတည်းနဲ့ ပြီးသွားတယ်” ဟု ၎င်းမြို့ခံအမျိုးသမီးက ဆိုသည်။

သေနတ်သမား၏ ပစ်ခတ်မှုကြောင်း ဆိုင်ပိုင်ရှင် အသက် ၆၉ နှစ်အရွယ် ဦးပန်လာဆိုသူကို ထိမှန်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း ပြောသည်။

သေနတ်သမားသည် ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းစီးလာသည့် ဆိုင်ကယ်သည် ဈေးအတွင်း ကျန်ရစ်ခဲ့သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

ရွှေဆိုင်လုယက်မှုဖြစ်စဉ်ကြောင့် ရွှေဟင်္သာဈေးအတွင်းရှိ ရွှေဆိုင်များ ပိတ်သိမ်းထားကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင် ရွှေဆိုင်လုယက်ပြီး ဆိုင်ပိုင်ရှင်ကိုပါ ပစ်သတ်သွားခဲ့သည့် အမျိုးသားကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တို့က လိုက်လံစစ်ဆေး ရှာဖွေနေသည်ဟု သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...