နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီး ဆေးကုသနေရ

နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီး ဆေးကုသနေရ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေ အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။

နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်အပြောင်းကျသွားပြီးနောက် ဒီကနေ့အထိ အစားထိုးဆရာဝန် မချပေးသေးဘူးလို့ ဒေသခံတွေပြောပါတယ်။

ဒါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျန်းမာရေးအခြေအနေဆိုးဝါးတဲ့ လူနာတွေအားလုံး အိန္ဒိယနိုင်ငံ အာရန်နာချယ် (Arunachal Pradesh) ပြည်နယ်အထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ဆရာဝန်မရှိတာကြာပြီ ခြောက်လလောက်ရှိပြီ အခုထိမချပေးသေးဘူး လောလောဆယ် Nurse တွေနဲ့ပဲကုနေရတယ်။ ဆရာဝန်နဲ့ကုမယ့် လူနာတွေ နာတာရှည်ရောဂါသည်တွေကတော့ ဒီမှာမနိုင်လို့ အိန္ဒိယအထိ သွားကုရတယ်” လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလိုဆရာဝန်မရှိလို့ အိန္ဒိယနိုင်ငံအထိသွားပြီးဆေးကုသမှုခံယူနေရတဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ အိန္ဒိယနိုင်ငံဘက်က လူဦးရေအဝင်ထွက် ကန့်သတ်မှုတွေကြောင့် ယခင်လိုလွယ်လွယ်ကူကူဝင်လို့မရတော့ပဲ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

“မလွယ်ဘူးသွားရလာရ ဒီကနေ အိန္ဒိယကဆေးရုံမှာအထိဆိုရင်လမ်းမှာတစ်ပတ်လောက်ကြာတယ် ဝေးတာကတစ်ကြောင်းလမ်းပမ်းဆက်သွယ်ရေးခက်တာကတစ်ကြောင်းထမ်းရပိုးရတဲ့လူနာဆိုရင် တစ်ပတ်တောင်မကဘူးသွားရတယ်။ နယ်စပ်ဂိတ်တွေလည်းအရင်လို လွယ်လွယ်နဲ့ဝင်မရေတော့ပိုခက်တယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့နောက်ပိုင်း အိန္ဒိယဘက်ကတချို့နယ်စပ်ဂိတ်တွေပိတ်တာ၊လူဦးရေဝင်ရောက်ခွင့်ကန့်သတ်တာတွေနဲ့ယခင်ထက် ပိုတင်းကြပ်လာတာတွေကြောင့် ဆေးသွားကုတဲ့ လူနာတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာ ၂၀၂၄ ခုနှစ် စက်တင်ဘာလခန့်ကစပြီး စစ်ကောင်စီတပ်ဟာ ပြည်ပနိုင်ငံမှတင်သွင်းတဲ့ အရေးကြီးဆေးဝါးများကို ကန့်သတ်လိုက်တဲ့အတွက် အကျိုးဆက်အနေဖြင့် နာဂဒေသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ဒေသမှာနေထိုင်တဲ့ ပြည်သူတွေဟာ ဆေးကုသရေးမှာ တစ်နေ့တစ်ခြားပိုမိုခက်ခဲလာနေတယ်လို့  သိရပါတယ်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...