ဘိတ်-ထားဝယ်ခရိုင်၌ ငှက်ဖျားရောဂါ ဆေးဝါးများ ပြတ်လပ်

ဘိတ်-ထားဝယ်ခရိုင်၌ ငှက်ဖျားရောဂါ ဆေးဝါးများ ပြတ်လပ်

KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ် ခရိုင်တွင် ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ဆေးဘက်သုံးပစ္စည်းများ ပြတ်လပ်နေသည်ဟု ခရိုင်ကျမ်းမာရေးတာဝန်ခံပဒိုနော်အယ်ဆဲတိုးက ကေအိုင်စီသို့ ပြောသည်။

ငှက်ဖျား ဆေးဝါးများ ပြတ်လပ်ရခြင်းသည် အမေရိကန် အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ - USAID က လူသားချင်းစာနာမှု အကူအညီများကို ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းတွင် ဖြတ်တောက်လိုက်သည့် အကျိုးဆက် ကြောင့် ဖြစ်သည်။ ယခုလို ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ဆေးဘက်သုံးပစ္စည်းများ ပြတ်လပ်နေမှု အခြေအနေနှင့် ပတ်သက်၍ ခရိုင် ကျမ်းမာရေးတာဝန်ခံ ပဒိုနော်အယ်ဆဲတိုးက ယခုလို ပြောသည်။

“အခု ဘိတ်-ထားဝယ်ခရိုင်မှာ ငှက်ဖျားရောဂါနဲ့ ငှက်ဖျား ရောဂါ ရှာဖွေတဲ့ ဆေးဘက်သုံးပစ္စည်းတွေ ပြတ်လပ်နေပါတယ်။ ဒါက USAID က ထောက်ပံ့မှု ရပ်လိုက်တဲ့ အတွက် ငှက်ဖျားဆေးတွေ ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။ အဲ့လိုအခက်အခဲတွေရှိတယ်။ တခြားနည်းလမ်းတွေကိုတော့ ရှာရမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် ဘိတ်-ထားဝယ်ခရိုင်တွင် အဖြစ်များသည့် လက်ရှိ နွေရာသီတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ များ အဖြစ်များပြီး ငှက်ဖျားရောဂါသည် မိုးတွင်းကာလ၌ အဖြစ်များသလို ခရိုင်အတွင်း ဒုတိယအဖြစ်များဆုံး ရောဂါဖြစ်သည်ဟု ပဒိုနော်အယ်ဆဲတိုးက ဖြည့်စွက်ပြောသည်။

ဘိတ်-ထားဝယ် ခရိုင်အတွက် ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ပစ္စည်းများကို ကရင်ကျမ်းမာရေးနှင့် ကယ်ဆယ်ရေးဌာန - KDHW (ဗဟို) က သုံးလတစ်ကြိမ် ပို့ပေးလေ့ရှိပြီး ယခုနှစ် ဖေဖော်ဝါရီလအထိ ပို့ပေးပြီး ဖြစ်သည်။ လာမည့် သုံးလအတွက် နည်းလမ်းရှာ ပို့ဆောင်သွားနိုင်ရန် စီစဉ်နေသည်ဟု KDHW ဌာန တာဝန်ခံ ပဒိုဒိုင်းမွန်းခင်က ယခုလို ပြောသည်။

“ဘိတ်-ထားဝယ် ခရိုင်ကို ငှက်ဖျားဆေးတွေ ဖေဖော်ဝါရီလ အထိ ပို့ပေးပြီး ဖြစ်ပါတယ်။ လာမဲ့ သုံးလစာအတွက် နည်းလမ်းရှာ ပိုဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လမ်းကြောင်းလည်း ရှာနေတယ်။ ကလေးကာကွယ်ဆေး တွေနဲ့ အတူပို့နိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပဒိုဒိုင်းမွန်းခင်က ပြောသည်။

ဘိတ်-ထားဝယ်ခရိုင်တွင် ငှက်ဖျားရောဂါ ဆေးဝါးများမှလွဲ၍ အခြားရောဂါများအတွက် ဆေးဝါးများ ပြတ်လပ်မှု မရှိသေးကြောင်း ခရိုင်ကျမ်းမာရေးဌာနမှ သိရသည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...