ချင်းပြည်နယ်မှာ ဟားခါးနဲ့ တီးတိန် စာစစ်ဌာန ၂ ခုကနေ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ ကျောင်းသား/သူ ၄၇၁ ဦး လျှောက်ထား

ချင်းပြည်နယ်မှာ ဟားခါးနဲ့ တီးတိန် စာစစ်ဌာန ၂ ခုကနေ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ ကျောင်းသား/သူ ၄၇၁ ဦး လျှောက်ထား

ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ဖို့ ဟားခါးမြို့နဲ့ တီးတိန်မြို့မှ စာစစ်ဌာန နှစ်ခုသာရှိပြီး မတ်လ ၄ ရက်နေ့အထိ ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ ပေါင်း ၄၇၁ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးရုံးနဲ့ နီးစပ်တဲ့ ဟားခါးမြို့နေ ပြည်သူတစ်ဦးထံမှ သိရှိရပါတယ်။

“၂၀၂၅ ခုနှစ် အတွက် ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်မယ့် စာစစ်ဌာနက နှစ်ခုပဲရှိတယ်။ အထက (၁) ဟားခါးနှင့် အထက (၁) တီးတိန်မှာပဲ ဖြေဆိုကြလိမ့်မယ်။ အထက ခိုင်ကမ်းကလည်း စာစစ်ဌာနရရှိခဲ့ပေမယ့် စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ မရှိဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ မတ်လ ၄ ရက်နေ့အထိ ရရှိခဲ့တဲ့ စာရင်းများအရ ဟားခါးမြို့ကနေ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့်သူ ၃၁၄ ဦးရှိခဲ့ပြီး တီးတိန်မြို့မှာတော့ ၁၅၇ ဦးရှိကာ စုစုပေါင်း ၄၇၁ ဦးရှိပြီဖြစ်တယ်လို့ ပညာရေးနဲ့ နီးစပ်သူထံမှ သိရှိရပါတယ်။

“စာမေးပွဲဖြေဆိုဖို့ တစ်ရက်အလိုအထိ စာမေးပွဲဖြေဆိုဖို့ လျှောက်ထားခွင့်ပြုထားတော့ စာမေးပွဲဖြေဆိုတဲ့အချိန်ထိ စာမေးပွဲဖြေဆိုမယ့် ကျောင်းသား/ကျောင်းသူ ဦးရေ အတိအကျကို ပြောလို့တော့ မရသေးဘူး” လို့လည်း အဆိုပါ ဟားခါးမြို့ခံမှ ဆက်လက်ပြောပြပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ချင်းပြည်နယ်မှာ ဖြေဆိုသူ ၄၀၁ ဦးရှိပြီး အထူးအစီအစဉ်နဲ့ ဧပြီလမှာ ပြန်လည်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၄ ဦးနဲ့ စုစုပေါင်း ၄၃၅ ဦးရှိခဲ့ပြီး ချင်းပြည်နယ် ပညာရေးသမိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အနည်းဆုံးနှစ်အဖြစ် စံချိန်ဝင်ခဲ့ကာ ၃၃၈ ဦး အောင်မြင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...