နမ့်တောဒေသတွင် ဖုန်းဆက်သွယ်ဖို့ အလှည့်ကျတန်းစီစောင့်ရပြီး ပြောနေရ

နမ့်တောဒေသတွင် ဖုန်းဆက်သွယ်ဖို့ အလှည့်ကျတန်းစီစောင့်ရပြီး ပြောနေရ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသမှာ ဖေဖော်ဝါရီလ နှောင်းပိုင်းကစလို့ ဖုန်းလိုင်းပြတ်တောက်သွားတာကြောင့် ဒေသခံတွေဟာ ဖုန်းဆိုင်တွေမှာ တန်းစီစနစ်နဲ့ ဆက်သွယ်နေရတယ်လို့ သိရပါတယ်။

CDMA ဖုန်းလိုင်း အနည်းငယ်ရသည့်နေရာမှာ လိုင်းဆွဲအားပိုကောင်းသည့် ကိရိယာများ၊ receiver နှင့် ထပ်ဆင့်အသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး နမ့်တောဒေသခံတစ်ဦးက “မနက်သွားရင် လူနည်းတယ်။ နေ့လည်သွားရင် လူများတော့ တန်းစီရတာ၊ အာသာဝတီမှာ။ ဟိုး အောက်တောင်ပေါ် ကြို့ပင်ရွာ ဘုရားကုန်းပေါ်မှာဆိုရင်တော့ လိုင်းပေါ်တယ်တဲ့” လို့ ပြောပြပါတယ်။

လက်ရှိ အက်တမ် အော်ပရေတာမှာလည်း ဖုန်းလိုင်းသာပေါ်ပြီး စာတို (မက်ဆေ့) ပို့ဖို့တောင် ခက်ခဲတယ်လို့ သိရပါတယ်။

နမ့်တောရှိ ကုန်စုံဆိုင်ရှင်တစ်ဦးက “လုပ်ကိုင်စားသောက်ရတာလည်း မလွယ်ပါဘူးအေ။ ဖုန်းနဲ့ဆက်ပြီး ပစ္စည်းတွေ မှာရပါတယ်ဆို။ ဆက်သွယ်ရေးက ပြတ်နေတာ” လို့ ပြောပါတယ်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ခက်ခဲမှုတွေကြောင့် ဒေသခံများက အွန်လိုင်းကနေ ငွေကြေးထုတ်ယူဖို့အတွက်ကိုလည်း ခက်ခဲနေပြီး အေးဂျင့်တွေဆီကနေတဆင့် ရာခိုင်နှုန်းပေးကာ ငွေထုတ်ယူသုံးစွဲနေရပါတယ်။

ဟုမ္မလင်းမြို့နယ် အားလုံးနီးပါးကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားဆဲဖြစ်ပြီး  KIA+PDF များ တိုက်ခိုက်စိုးမိုးထားသည့် မြို့နယ် အနောက်ဖက်ခြမ်းဒေသတွေမှာတော့  NUG ရဲ့ ဖက်ဒရယ်နက်ဟုခေါ်တဲ့  စတားလင့်တွေကို  အကန့်သတ်ဖြင့် ရယူနေကြတာဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်တွင်းနှင့် နမ့်တောဒေသတွေမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဒေသတွင်း အာဏာပိုင်ဖြစ်နေသည့် ရှမ်းနီအမျိုးသားတပ်မတော် SNA ခွင့်ပြုချက်ဖြင့် ဒေသခံများရဲ့ ဆိုင်ခွဲအသီးသီးတွေမှာ စတားလင့်များကို အသုံးပြုပြီး အင်တာနက်ကို ရယူသုံးစွဲနေကြရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...