ရခိုင်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ စစ်လက်နက်ကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၇၅ ဦးရှိ

ရခိုင်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ စစ်လက်နက်ကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၇၅ ဦးရှိ

ပုံအညွှန်း - ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိသူ အရပ်သား ၇၅ ဦးရှိကြောင်း DMG မှ ပြုစုထားသည့် စာရင်းအရ သိရသည်။

ကလေးသူငယ်အပါအဝင် သေဆုံးသူ ၂၁ ဦးနှင့် ဒဏ်ရာရရှိသူ ၅၄ ဦးအထိရှိခဲ့ပြီး ယင်းအထဲတွင် လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၄၈ ဦးနှင့် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးဒဏ်ရာရသူ ၂၇ ဦးရှိသည်။

မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံး၊ ဒဏ်ရာရသူများမှာ မောင်တောမြို့နယ်တွင် အများဆုံးဖြစ်ပြီး တောင်ကုတ်မြို့နယ်သည် ဒုတိယအများဆုံးဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုခံရ၍ ထိခိုက်သေဆုံး ဒဏ်ရာရသူ အများဆုံးမှာ ပေါက်တောမြို့နယ်ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ဂွမြို့နယ်ဖြစ်သည်။

ရခိုင်မှ မြို့နယ်အများအပြားကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးဖြစ်သော်လည်း ဒေသခံများမှာ လေကြောင်းအန္တရာယ်အပြင် မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုအန္တရာယ်တို့ကို ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်မျာအတွင်း မိုင်းရှင်းလင်းရေးအပြင် မိုင်းနှင့် စစ်ကျန်လက်နက် အသိပညာပေးများ ပြုလုပ်နေပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် သတိပေးတိုက်တွန်းမှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရရှိသူ ၉၀ အထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...