စစ်တွေ၌ နာရီကန်ရွာသားများ ငါးဖမ်းခွင့်ကို စစ်အုပ်စုတပ် ပိတ်ပင်

စစ်တွေ၌ နာရီကန်ရွာသားများ ငါးဖမ်းခွင့်ကို စစ်အုပ်စုတပ် ပိတ်ပင်
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ မှီခိုလုပ်ကိုင် စားသောက်နေကြရသည့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို စစ်အုပ်စုတပ်က ပိတ်ပင်ထားသည်။

နာရီကန်ကျေးရွာသားများ မှီခိုလုပ်ကိုင် စားသောက်နေကြသည့် ချောင်းအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်အုပ်စုတပ်က ငါးဖမ်းခွင့်ကို ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ကန့်သတ်ထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“ချောင်းထဲကို ဘယ်သူ့ကိုမှ ပေးမဝင်တော့ဘူး။ ဒါပေမဲ့ ဂိတ်တွေမှာ ငွေပေးပြီး ဖြတ်ရင်တော့ ငွေပေးတဲ့လူတွေ ကို ငါးဖမ်းခွင့်ပေးတယ်။ လုံခြုံရေးကြောင့်လို့ အကြောင်းပြပေမယ့် တကယ်က သူတို့ ဂိတ်ဖြတ်ခကောက်ဖို့ အတွက် အဓိက လုပ်ကြတာ” ဟု ၎င်းက ပြောသည်။

နာရီကန်ကျေးရွာမှ မိသားစု ၃၀ ခန့်မှာ ကျားပိုက် (အာထောက်ပိုက်) ဖြင့် ငါးဖမ်းသည့် အလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုကြသူများ ဖြစ်သည်။

လက်ရှိ စစ်အုပ်စုတပ်၏ ပိတ်ပင်မှုကြောင့် မိသားစု စားဝတ်နေရေးအပြင် ပိုက်ငှားရမ်းခ၊ ပိုက်ဂွင် (ကျားပိုက် ချနေရာ) ငှားရမ်းခများအတွက်ပါ အခကြေးငွေ ပေးဆောင်နေကြရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရ သည်။

မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက “တခြားလုပ်စရာလည်း မရှိကြလို့ ငါးဖမ်းပြီး ရှာစားကြရတာ၊ ဒီလို ပိတ်လိုက်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ ပိုပြီး အခက်အခဲဖြစ်လာပါတယ်။ တချို့ဆို သားသမီး ကျောင်းစရိတ်အတွက်ပါ ပူနေရတာ၊ ငါးဖမ်းတယ်ဆိုတာလည်း အရင်ကတည်းက ဒီရွာသားတွေက ပိုက်များ များသုံးပြီး မဖမ်းနိုင်ကြဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာထက် မနည်းကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းထားသည်။

လက်ရှိတွင် စစ်တွေမြို့၌ စစ်အင်အားဖြည့်တင်းကာ လုံခြုံရေး တိုးမြှင့်ထားသဖြင့် ဒေသခံများမှာ နေ့စဉ် လူမှုဘဝ သွားလာလှုပ်ရှားရေးတွင် ထိခိုက်နစ်နာမှုများနှင့် အစဉ်မပြတ် ရင်ဆိုင်နေရသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...