မြိုင်မှာ မင်္ဂလာပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မြိုင်မှာ မင်္ဂလာပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၂၀ ကျော် သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီဝန်းကျင်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာဆောင်ကျင်းပနေတဲ့ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်သွားတာပါ။

"လောလောဆယ်တော့ ၂၀ ကျော်ပဲသိရသေးတယ်။ ထိခိုက်တဲ့လူနာကလည်း များတယ်။ လူစည်ကားတဲ့အချိန်မှာ ဖြစ်တာဆိုတော့ ပြည်သူတွေအများစု ထိခိုက်တယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိအချိန်ထိ သေဆုံးဒဏ်ရာရသူတွေကို ကယ်ဆယ်နေရဆဲဖြစ်တာကြောင့် အခြေအနေကို တိတိကျကျ သိရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းအန္တရာယ်လည်း စိုးရိမ်ရတာကြောင့် သတိထားကယ်ဆယ်နေရပြီး နောက်ဆက်တွဲအခြေအနေကို သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်မှသာ တိတိကျကျသိရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မကွေးတိုင်းအတွင်း စက်တပ်လေထီး၊ ဂျက်ဖိုက်တာတို့နဲ့ တိုက်ခိုက်နေတာကြောင့် သေဆုံးမှုတွေများလာပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း မကွေးတိုင်း စေတုတ္တရာမြို့နယ်က မုံညှင်းကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...