စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလ စစ်ကောင်စီလက်ချက်ကြောင့် မသန်စွမ်း ၁၁၇ ဦး သေဆုံး

စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလ စစ်ကောင်စီလက်ချက်ကြောင့် မသန်စွမ်း ၁၁၇ ဦး သေဆုံး
ဓာတ်ပုံ - Human Rights Myanmar။
ဓာတ်ပုံ - Human Rights Myanmar။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် မသန်စွမ်းပြည်သူ ၁၁၇ ဦး သေဆုံးခဲ့ဟု Human Rights Myanmar အဖွဲ့၏ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သေဆုံးသည့်အထဲတွင် အမျိုးသမီး မသန်စွမ်း ၂၁ ဦးပါဝင်ပြီး စစ်ကောင်စီ သတ်ဖြတ်ခြင်းခံခဲ့ရသည့် စုစုပေါင်း ၁၈ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ပဋိပက္ခဖြစ်ပွားသည့် ဒေသများမှ သတင်းအချက်အလက်များရယူနိုင်ရန် ခက်ခဲခြင်းကြောင့် အစီရင်ခံစာတွင် ဖော်ပြထားသည့် သေဆုံးအချက်အလက်ထက် မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ်တွင် မသန်စွမ်း ၁၂ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၀ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၃၄ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၃၀ ဦးထိ သတ်ဖြတ်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း သတ်ဖြတ်ခံရသူမှုတစ်ခုကို မှတ်တမ်းတင်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရမှုအများဆုံးမှာ စစ်ကိုင်းတိုင်းအတွင်း ၄၆ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်ခဲ့ပြီး မကွေးတိုင်းတွင် ၂၂ ရာခိုင်နှုန်းနှင့် တနင်္သာရီတိုင်းတွင် ၇ ရာခိုင်နှုန်းစီ ရှိခဲ့ခြင်းဖြစ်သည်။

“ဘေးဖယ်ခံထားရပြီး ထိခိုက်လွယ်အုပ်စုတွေထဲ ပါဝင်နေတဲ့ မသန်စွမ်းပြည်သူတွေကို အခုလို သတ်ဖြတ်တာတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုပုံစံကို ဖော်ပြတဲ့ ပိုမိုကျယ်ပြန့်လာတဲ့ တရားမဲ့မှု ပြစ်ဒဏ်ကင်းလွတ်မှုတွေကို ထင်ဟပ်စေပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။

မသန်စွမ်းများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စနစ်တကျ လျစ်လျူရှုခြင်းများသည် နိုင်ငံတကာလူ့အခွင့်အရေးအား ချိုးဖောက်နေခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ နိုင်ငံတကာဥပဒေကို စစ်ကောင်စီက ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပါဝင်သည်။

ထို့ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီကို တာဝန်ခံမှုရှိစေရန်နှင့် မသန်စွမ်းပြည်သူများအနေဖြင့် ရသင့်ရထိုက်သည့် အကာအကွယ်နှင့် တရားမျှတမှုများရရှိကြောင်း သေချာစေရန် ပြတ်သားစွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အစီရင်ခံစာက တောင်းဆိုထားသည်။

“အခုဆို နိုင်ငံရေးအခြေအနေကြောင့် မသန်စွမ်းတွေ အကူအညီရရှိမှုတော်တော်နည်းတယ်။ အရေးပေါ် ကူညီပေးရမယ့်ဟာတွေ ရှိနေတယ်။ ဥပမာ - ဝှီးချဲ့၊ ဂျိုင်းထောက်၊ ခြေတုလက်တု တပ်ဆင်တာတွေပေါ့။ စစ်ပွဲ တွေ ကြောင့် ICRC ကလည်း တပ်ဆင်မပေးနိုင်ဘူး” ဟု ရခိုင်ဒေသ၌ မသန်စွမ်းအရေး ကူညီလုပ်ဆောင်နေသူ ကိုသန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာမြို့ရွာများကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေပြီး စစ်ကောင်စီလက်ချက်ကြောင့် အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း အရပ်သား ၆,၂၈၂ ဦးထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်သည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...