အတန်းတင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ပုံမှန်ထက်လျော့နည်း

အတန်းတင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ပုံမှန်ထက်လျော့နည်း

မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ ကျောင်းသား/သူတို့ ယမန်နှစ်တို့ထက် ကျောင်းထွက်နှုန်းများနေပြီး အတန်းတင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားဦးရေလည်း လျော့နည်းလာကြောင်း မွန်အမျိုးသားကျောင်း တာဝန်ရှိသူတို့မှ သိရသည်။

ယခုပညာသင်နှစ် နှစ်ဝက်မှစ၍ အတန်းကြီးကျာင်းသား/သူတို့ကို မိဘအုပ်ထိန်းသူတို့မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ကျောင်းထုတ်ခေါ်ယူမှုနှင့် စာမေးပွဲဖြေဆိုရန် နီးကပ်လာချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသား/သူအချို့ ရက်ရှည်ကြာ ကျောင်းပျက်ပြီး ကျောင်းထွက်မှုနှုန်း တိုးလျှက်ရှိသည်။

ကျိုက်မရော မွန်အမျိုးသားကျောင်းမှ ဆရာမတစ်ဦးက “အရင်နှစ်တွေထက်စာရင်တော့ တစ်ဝက်လောက် လျော့သွားတာပဲ၊ အမေနဲ့အတူ ထိုင်းသွားကြတယ်၊ အခု ကျမတို့တစ်ကျောင်းလုံးဆို ၅၈ ဦးပဲကျန်တယ်၊ မနှစ်ကတော့ ၈၀ ကျော်လောက် ကျောင်းသားရှိခဲ့တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလက ထိုင်းနိုင်ငံမှ အလုပ်သမားကဒ်ပြုလုပ်ပေးချိန်တွင် ကျောင်းသားမိဘတို့မှ ကျောင်းထုတ်ခေါ်ယူမှု ဆက်တိုက်ရှိခဲ့ကြောင်းနှင့် ကျောင်းကြီးတစ်ကျောင်းလျှင် ၂၀ ဦး၊ မူလတန်းကျောင်းတစ်ကျောင်းလျှင် ၁၀ ဦးနှုန်းဖြင့် ကျောင်းသားဦးရေ လျှော့ကျခဲ့ရကြောင်းလည်း ကျောင်းတာဝန်ရှိသူတို့၏ ပြောဆိုချက်အရ သိရသည်။

ထို့အတူ ယမန်နှစ်တွင် အံဒင်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၃၄ ဦးအထိရှိပြီး ယခုနှစ်တွင် ၂၄ ဦးသာ ဝင်ရောက်ဖြေဆိုသွားမည်ဟုလည်း အံဒင်းကျောင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကို မွန်အမျိုးသားပညာရေးကော်မတီမှ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း တိုက်ပွဲကြောင့် နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ကျောင်းသားအချို့နှင့် အဆက်သွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်းလည်း ရေးမွန်အမျိုးသားကျောင်းဆရာမတစ်ဦးက ဆိုသည်။

“မူလတန်းကတော့ ကိုယ့်ကျောင်းနဲ့ကိုယ်ဖြေကြရမှာ၊ ဒါမဲ့ စစ်ရှောင်တုန်းက နယ်စပ်ဘက်ရောက်သွားတဲ့ ကလေးတွေက အဆက်သွယ်မရတော့ မဖြေနိုင်ဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၄ ရက်အထိ မွန်အမျိုးသားကျောင်းမှ မူလအောက်ဆင့် ကျောင်းသား/သူတို့ကို အတန်းတင်စာမေးပွဲ စတင်ကျင်းပပေးမည်ဖြစ်ပြီး အလယ်တန်းကျောင်းသား/သူတို့ကို ၂၀ ရက်နေ့မှစ၍ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

Grade-5 Grade-9 Grade-12 တို့အနေဖြင့် မြို့နယ်အစိုးရအဆင့် စာမေးပွဲတွင် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဖြေဆိုသွားမည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ ညွှန်ကြားထားသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...