မကွေးတွင် အင်ဂျင်တပ်လေထီး Paramotor များနှင့် ဗုံးကြဲမှု စစ်ကောင်စီ ပိုပြုလုပ်လာ

မကွေးတွင် အင်ဂျင်တပ်လေထီး Paramotor များနှင့် ဗုံးကြဲမှု စစ်ကောင်စီ ပိုပြုလုပ်လာ
စစ်ကောင်စီ၏ အင်ဂျင်တပ်လေထီး Paramotor များ။ (Photo – CJ)
စစ်ကောင်စီ၏ အင်ဂျင်တပ်လေထီး Paramotor များ။ (Photo – CJ)

မကွေးတိုင်းတွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးဖြစ်သည့် Paramotor များကို တွင်တွင်ကျယ်ကျယ် အသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။

လူစီးနင်းလိုက်ပါနိုင်သော အင်ဂျင်တပ်လေထီး Paramotor များကို ပြည်သူများနေထိုင်ရာနှင့် တိုက်ပွဲဖြစ်ရာနေရာများတွင် စစ်ကောင်စီဘက်က ပိုမိုအသုံးပြုလာနေသည်ဟု ဒေသခံတို့က ဆိုသည်။

ဒေသခံတစ်ဦးက “ည (ဖေဖော်ဝါရီ ၁ ရက်နေ့) က Paramotor နဲ့ မီးလောင်ဗုံး ၃ လုံး နေအိမ်တွေကို ချသွားတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဒီနေ့လည်း သုံးနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ပွင့်ဖြူမြို့နယ် ရေရင်ရွာရှိ လူနေအိမ်များပေါ်ကို Paramotor ဖြင့် ၃ ကြိမ် ဗုံးကြဲချတိုက်ခိုက်သွားသည်ဟု ရွာသားများက ပြောသည်။

ယင်းနေ့ တစ်ရက်တည်းမှာပင် ဆိပ်ဖြူမြောက်ဘက်ပိုင်းတနေရာကိုလည်း Paramotor များ အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်မှုများ ပြုလုပ်သွားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်မှစတင်ကာ ကောင်းကင်တွင် Paramotor များကို မကွေးနှင့် မင်းဘူးမြို့မှ ပြည်သူများကပင် မြင်တွေ့နေရကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီက မြေပြန့်ဒေသတွင်သာ Paramotor များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းဖြစ်ပြီး ပွိုင့် ၅ ဖြင့် ပစ်ချပါက ရနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ထင်မြင်ချက်ပေး ပြောဆိုသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်အထိ Paramotor များကို မကွေးလေတပ်ကနေ အနောက်မြောက်အရပ်ဆီ စေလွှတ်ပျံသန်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...