ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ

ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ

ပုံစာ - ၂၀၂၄ ခုနှစ် ဇူလိုင်လက ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် အာရက္ခတပ်တော် (AA) က မွတ်ဆလင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ဆေးဝါးပြတ်လပ်မှု၊ ကျန်းမာရေးဝန်ထမ်း နည်းပါးမှုနှင့်အတူ လမ်းခရီး သွားလာရခက်ခဲမှုတို့ကြောင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရကြရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မြို့ပေါ်ဆေးရုံ/ ဆေးခန်းများ မလည်ပတ်နိုင်သည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ကျေးလက်ဒေသများမှာလည်း ဆေးရုံ၊ ဆေးပေးခန်း နည်းပါး၍ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြသည်။

“ဆေးကုသဖို့ ဆေးရုံမရှိ၊ ဆရာဝန်မရှိတော့ ကျောက်တော်ထိ လာကုရတယ်။ မြို့ကို တစ်ခါဆေးသွားကုရင် ဆေးဝါးစရိတ်၊ လမ်းစရိတ်နဲ့ ပိုက်ဆံ ၁၀ သိန်းကျော်ကုန်တယ်။ ပိုက်ဆံမရှိဘူးဆိုရင် အသက်ကိုလည်း အဆုံးရှုံးခံရမယ်” ဟု ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာအချို့မှာ ယာယီဖွင့်လှစ်ထားသည့် ဆေးခန်းများရှိသော်လည်း ဆေးဝါးမစုံလင်မှု၊ ခွဲစိတ်ကုသမှုများလည်း မလုပ်နိုင်သဖြင့် နာတာရှည်ရောဂါသည်များနှင့် အရေးပေါ်လူနာများအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။

ယင်းအပြင် မြို့ပေါ်ရှိ အောက်ဆီဂျင်စက်ရုံမှာလည်း မလည်ပတ်နိုင်သဖြင့် အရေးပေါ် အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် မီးစက်နိုးပြီး အောက်ဆီဂျင်ပေးနေရသည်ဟု လူမှုကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

“နယ်မှာရှိနေတဲ့ ဆေးရုံတွေမှာတော့ slender အိုး မဟုတ်ဘဲ စက်နိုးပြီးပေးတဲ့နည်းနဲ့ ပေးကြတာတော့ရှိတယ်။ ကျနော်တို့ဆီမှာ နဂိုကတည်းက ဓာတ်မှန်စက်‌တွေလည်းမရှိတော့ အရေးပေါ်ဆိုရင် ကျောက်တော်၊ မြောက်ဦးကို အားကိုးပြီး သွားကြတယ်။ ဒီမှာက ခွဲစိတ်ဖို့ကိစ္စတွေက ပစ္စည်းတွေကအစ ဆေးရုံမှာရှိတဲ့ ဆရာ/ဆရာမ မလုံလောက်မှု အဲလို မပြည့်စုံတဲ့အခြေအနေတွေရှိတယ်” ဟု ရသေ့တောင်နယ်က လူမှုကူညီရေးလုပ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်သည် အခြားမြို့နယ်များနှင့် အလှမ်းဝေးလှသဖြင့် ဒေသတွင်းဆေးဝါးနှင့် အခြားကုန်ပစ္စည်း ဈေးနှုန်းများမှာလည်း နှစ်ဆခန့် မြင့်တက်နေပြီး ပါရာတစ်လုံးလျှင် ငွေကျပ် ၈၀၀၊ ဒိုင်ဂျေးတစ်လုံးလျှင် ငွေကျပ် ၅၀၀၊ အနာဂျင်တစ်လုံးလျှင် ငွေကျပ် ၁,၀၀၀ အထိရှိကြောင်း သိရသည်။

ဆေးဝါးရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးဝါးကုသခွင့်မရ၍ အသက်သေဆုံးသွားသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ဆေးဝါးအပါအဝင် ကုန်ပစ္စည်များပြတ်လပ်ကာ ဈေးနှုန်း အဆမတန်မြင့်တက်၍ ဒေသခံများ၏ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...