သံတွဲ ငါးဖမ်းလုပ်ငန်းများ လည်ပတ်နိုင်ရန် ခက်ခဲနေဆဲ

သံတွဲ ငါးဖမ်းလုပ်ငန်းများ လည်ပတ်နိုင်ရန် ခက်ခဲနေဆဲ
၂၀၂၂ ခုနှစ်အတွင်း ပေါက်တောမြို့နယ်အတွင်းရှိ ငါးဖမ်းစက်လှေများအား တွေ့ရစဉ်။
၂၀၂၂ ခုနှစ်အတွင်း ပေါက်တောမြို့နယ်အတွင်းရှိ ငါးဖမ်းစက်လှေများအား တွေ့ရစဉ်။

ပင်လယ်ပြင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်က ငါးဖမ်းလုပ်ငန်းများမှာ လည်ပတ်နိုင်ရန် အခက်အခဲများရှိနေဆဲကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းငါးလုပ်ငန်း အများဆုံးလုပ်ကိုင်ကြသည့် ဆင်ခေါင်း၊ မြပြင်၊ ဂျိတ္တော၊ မှိုဟင်းပြင်၊ စပါးကြီး၊ လင်းသာ စသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်‌သေးခြင်း၊ ပြန်ရောက်နေသူအချို့မှာလည်း စစ်ကောင်စီ နေဗီများကိုကြောက်၍ ငါးဖမ်းလုပ်ငန်းများ မလည်ပတ်နိုင်သေးကြခြင်း ဖြစ်သည်။

“ငါးလုပ်ငန်းလုပ်တဲ့ ကမ်းခြေအနီးရွာတွေက စစ်ဘေးရှောင်နေတာ အများစုက ရွာတွေကို ပြန်မလာကြသေးဘူး။ ပြန်လာနေကြတဲ့သူတွေလည်း နေဗီကြောက်လို့ အခုထိ ငါးဖမ်းထွက်ဖို့ ခက်ခဲနေကြတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ တွင် သံတွဲမြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဒေသခံများ၏ ပုံမှန်လုပ်ငန်းများ မလည်ပတ်နိုင်သေးခြင်း ဖြစ်သည်။

သံတွဲမြို့ဒေသခံများသည် ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည် မြောက်ပိုင်းဒေသတို့တွင် စစ်ဘေးရှောင်နေကြပြီး လေကြောင်းအန္တရာယ်စိုးရိမ်မှုများကြောင့် နေရပ်မပြန်နိုင်သေးသူများလည်းရှိကြောင်း သိရသည်။

‌အချို့ နေရပ်ပြန်လာကြသည့် ဒေသခံများမှာလည်း စစ်ကောင်စီ၏ နေဗီများ ပင်လယ်ပြင်တွင် ရှိနေသောကြောင့် ငါးဖမ်းထွက်ရန် အခက်ကြုံရကြောင်း သိရသည်။

“အဓိက ငါးလုပ်ငန်းလုပ်တဲ့နေရာ တော်တော်များများ လုပ်ငန်းတွေ မလည်ပတ်သေးဘူး။ နေရပ်ပြန်ဖို့က အခုထိ လေကြောင်းအန္တရာယ်ကို စိုးရိမ်ရသေးတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ငါးလုပ်ငန်းလုပ်တာ အခုထိ စစ်ဘေးရှောင်နေရတုန်းပါ” ဟု ငပလီမြို့ ခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်သည် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို အများအပြား လုပ်ကိုင်ကြပြီး ယခုအခါ စီးပွားဖြစ်ရေလုပ်ငန်းမှာ မလည်ပတ်နိုင်ဘဲရှိသည်။

သံတွဲမြို့နယ်သည် ငါးဖမ်းလုပ်ငန်း ငါးပိ၊ ငါးခြောက်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုများ လုပ်ကိုင်ရာမြို့လည်းဖြစ်ပြီး လက်ရှိမှာ ထိုလုပ်ငန်းများ မလည်ပတ်သည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...